မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Oleh_Slobodeniuk/E+ via Getty Images

ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု

ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု

“ကမ္ဘာကြီးဟာ ကျွန်တော်တို့ ထင်ထားတာထက် အကြမ်းခံသားပဲ။”

ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ သုတေသီအဖွဲ့ ကောက်ချက်ချခဲ့တဲ့ စကားတွေပါ။ လူသားတွေကို ဂရုစိုက်တဲ့ ဖန်ဆင်းရှင်တစ်ပါးရှိတယ်လို့ သင် ယုံကြည်တယ်ဆိုရင် အဲဒီသုတေသီအဖွဲ့ရဲ့ ကောက်ချက်ကို ကြားတဲ့အခါ ဘုရားသခင် ပုံစံပြုထည့်သွင်းထားတဲ့၊ ပြန်လည်ကုစားနိုင်တဲ့ သဘာဝစနစ်တွေအကြောင်း ပြန်သတိရမိမှာပါ။

ဒါပေမဲ့ လူတွေက ကမ္ဘာမြေကို ဒုက္ခပေးလွန်းလို့ ကမ္ဘာကြီးခမျာ နာလန်မထူနိုင်ဖြစ်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားသခင် တစ်ခုခု ကြားဝင်ဆောင်ရွက်ပေးမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

ကမ္ဘာမြေဟာ ပြန်နာလန်ထလာရုံသာမက ထူထူထောင်ထောင် ဖြစ်လာမယ်ဆိုတာကို လေးထောင့်ကွက်ပါ ကျမ်းချက်တွေအရ သိရတယ်။

  • ကမ္ဘာမြေကို ဘုရားသခင် ဖန်ဆင်းထားတယ်။ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်။”—ကမ္ဘာဦး ၁:၁

  • ကမ္ဘာမြေကို ဘုရားသခင် ပိုင်ဆိုင်တယ်။ “ယေဟောဝါ aဟာ ကမ္ဘာမြေနဲ့ ကမ္ဘာမြေပေါ်ရှိသမျှကို ပိုင်တယ်။မြေကြီးနဲ့ မြေကြီးပေါ် နေထိုင်သူတွေကို ပိုင်တယ်။”—ဆာလံ ၂၄:၁

  • ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ဘုရားသခင် ပုံစံပြုထားတယ်။ “ကမ္ဘာမြေကို အုတ်မြစ်တွေပေါ် တည်ဆောက်တယ်။ သူ့နေရာကနေ ဘယ်တော့မှ ရွှေ့လို့ရမှာ မဟုတ်ဘူး။”—ဆာလံ ၁၀၄:၅

  • ကမ္ဘာပေါ်မှာ သက်ရှိတွေ မျိုးတုံးပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ဘုရားသခင် ကတိပြုထားတယ်။ “စစ်မှန်တဲ့ ဘုရားသခင်၊ ကမ္ဘာမြေကို ပုံသွင်းတဲ့ . . . အရှင်ပဲ။ ကမ္ဘာမြေကို အကြောင်းမဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ သတ္တဝါတွေ နေထိုင်ဖို့ ဖန်ဆင်းခဲ့တဲ့အရှင်ပဲ။”—ဟေရှာယ ၄၅:၁၈

  • ကမ္ဘာပေါ်မှာ လူသားတွေ ထာဝစဉ်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြုထားတယ်။ “ဖြောင့်မတ်သူတွေဟာ ကမ္ဘာမြေကို ပိုင်ဆိုင်ပြီးထာဝစဉ် နေထိုင်ရလိမ့်မယ်။”—ဆာလံ ၃၇:၂၉

ကမ္ဘာကြီးကို ဥပဒ် မပေးဘဲ ကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် ကမ္ဘာ့သဘာဝစနစ်တွေကို ဘုရားသခင် ပုံစံပြုထားတာပါ။ ကမ္ဘာမြေကို ပျက်စီးအောင်လုပ်နေတဲ့ အတ္တသမားတွေကို သတ်မှတ်ချိန်ကျရင် ယေဟောဝါဘုရား အဆုံးတိုင်စေမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။—ဗျာဒိတ် ၁၁:၁၈

အဲဒီနောက် ဘုရားသခင်က ကမ္ဘာမြေကို သာယာလှပတဲ့ ဥယျာဉ်ဖြစ်အောင် ပြောင်းလဲပေးပြီး “သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေး” ပါလိမ့်မယ်။—ဆာလံ ၁၄၅:၁၆

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈