မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ilbusca/E+ via Getty Images

သတိနဲ့ စောင့်နေကြပါ

ငြိမ်းချမ်းရေးရအောင် လူတွေ ဘာလို့ မလုပ်နိုင်တာလဲ—ကျမ်းစာအဆိုက ဘာလဲ

ငြိမ်းချမ်းရေးရအောင် လူတွေ ဘာလို့ မလုပ်နိုင်တာလဲ—ကျမ်းစာအဆိုက ဘာလဲ

 ကမ္ဘာ့ခေါင်းဆောင်တွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေးရအောင် မဖော်ဆောင်နိုင်ကြဘူး ဖြစ်နေတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကစလို့ အကြမ်းဖက်ပဋိပက္ခတွေ အများဆုံးဖြစ်နေတာ အခုအချိန်ပဲ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ လူပေါင်း ၂ ဘီလီယံဟာ အခြေအနေ မငြိမ်မသက်ဖြစ်တဲ့ ဒေသတွေမှာ နေထိုင်နေကြတယ်။

 လူတွေ ငြိမ်းချမ်းရေး ဘာလို့ မဆောင်ကြဉ်းပေးနိုင်တာလဲ။ ကျမ်းစာအဆိုက ဘာလဲ။

လူတွေ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ရတဲ့ အကြောင်းရင်းသုံးချက်

  1.  ၁။ လူတွေရဲ့ စိတ်သဘောထားကြောင့် ငြိမ်းချမ်းရေးရဖို့ ခက်နေတာ။ ကျွန်တော်တို့အချိန်မှာ “လူတွေဟာ ကိုယ့်ကိုယ်ကိုယ်ပဲ ချစ်တဲ့သူ၊ ငွေကိုတပ်မက်သူ၊ ဝါကြွားသူ၊ မောက်မာသူ၊ . . . သစ္စာမရှိသူ၊ . . . ညှိနှိုင်းလို့မရသူ၊ . . . မချုပ်တည်းနိုင်သူ၊ ကြမ်းကြုတ်သူ၊ . . . တဇောက်ကန်းနိုင်သူ၊ မာနထောင်လွှားသူ” တွေ ရှိမယ်လို့ ကျမ်းစာ ကြိုဟောထားတယ်။—၂ တိမောသေ ၃:၂-၄

  2.  ၂။ ဖန်ဆင်းရှင် ယေဟောဝါ aဘုရားရဲ့ အကူအညီမပါဘဲ လူသားတွေအနေနဲ့ ပြဿနာတွေကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဖြေရှင်းနိုင်စွမ်းမရှိဘူး။ ‘လူဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့် မရှိဘူး’ လို့ ကျမ်းစာဆိုတယ်။—ယေရမိ ၁၀:၂၃

  3.  ၃။ “လူနေထိုင်ရာ မြေတစ်ပြင်လုံးကို လှည့်စား” နိုင်တဲ့အထိ အစွမ်းထက်တဲ့ ဆိုးညစ်သူ စာတန်မာရ်နတ်က တစ်ကမ္ဘာလုံးကို ထိန်းချုပ်နေလို့ ဖြစ်တယ်။ (ဗျာဒိတ် ၁၂:၉) ‘ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ တစ်လောကလုံး ရှိနေ’ သရွေ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေ ရှိနေဦးမှာပဲ။—၁ ယောဟန် ၅:၁၉

ငြိမ်းချမ်းရေး ဘယ်သူ ဆောင်ကြဉ်းပေးမလဲ

 ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမယ့်သူဟာ လူသားတွေ မဟုတ်ဘဲ ဘုရားသခင် ဖြစ်တယ်လို့ ကျမ်းစာဆိုတယ်။

  •   “ယေဟောဝါ ပြောတာက– ‘မင်းတို့နဲ့ပတ်သက်ပြီး ငါဘာတွေ တွေးနေမှန်း ငါသိတာပေါ့။ မင်းတို့ကို ငြိမ်သက်အေးချမ်းစေချင်တယ်။ ဘေးဆိုး မကြုံစေချင်ဘူး။ မင်းတို့မျှော်လင့်တဲ့ အနာဂတ်မျိုး ပေးချင်တယ်။”—ယေရမိ ၂၉:၁၁

 ဘုရားသခင်က အဲဒီကတိကို ဘယ်လို အကောင်အထည်ဖော်မလဲ။ ‘ငြိမ်သက်ခြင်း ပေးသနားတဲ့ ဘုရားသခင်က စာတန်ကို ချေမှုန်းတော့မယ်။’ (ရောမ ၁၆:၂၀) “ဘုရားသခင့်နိုင်ငံတော်” လို့ကျမ်းစာမှာဆိုထားတဲ့ ကောင်းကင်အစိုးရကို အသုံးပြုပြီး ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးပါမယ်။ (လုကာ ၄:၄၃) ကောင်းကင်နိုင်ငံတော်ရဲ့ဘုရင် ယေရှုခရစ်တော် ကမ္ဘာကို အုပ်ချုပ်တဲ့အခါ လူသားတွေဟာ အေးအေးချမ်းချမ်း နေထိုင်တတ်ဖို့ သင်ယူကြပါလိမ့်မယ်။—ဟေရှာယ ၉:၆၊ ၇

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့နာမည် ဖြစ်တယ်။—ဆာလံ ၈၃:၁၈