မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ။

ဘုရားသခင့်နိုင်ငံတော်က ဘာတွေလုပ်ပေးမလဲ။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင့်နိုင်ငံတော်က လူ့အစိုးရအားလုံးကို ဖယ်ရှားပစ်မှာဖြစ်ပြီး ကမ္ဘာတစ်ခွင်ကို အုပ်ချုပ်ပါလိမ့်မယ်။ (ဒံယေလ ၂:၄၄၊ ၄၅) အဲဒီအချိန်ကျရင် ဘုရားသခင့်နိုင်ငံတော်က . . .

  •   တစ်ကိုယ်ကောင်းစိတ်အပြည့်နဲ့ လူတွေကို ဒုက္ခပေးနေတဲ့ ဆိုးယုတ်သူတွေကို ဖယ်ရှားပစ်မယ်။ “ဆိုးသောသူတို့မူကား ပြည်တော်မှပယ်ရှားခြင်း” ခံရမယ်။—သုတ္တံ ၂:၂၂

  •   စစ်ကို ပပျောက်စေမယ်။ ဘုရားသခင်သည် “မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ[မည်။]”—ဆာလံ ၄၆:၉

  •   မြေကြီးကို သာယာဝပြောစေမယ်၊ ဘေးအန္တရာယ်ကင်းရှင်းစေမယ်။ “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။”—မိက္ခာ ၄:၄

  •   မြေကြီးကို ပရဒိသုဥယျာဉ်ဖြစ်စေမယ်။ “ကန္တာရသည် ရွှင်မြူးလိမ့်မည်။ မြေရိုင်းများတွင်လည်း ပန်းများပွင့်လိမ့်မည်။”—ဟေရှာယ ၃၅:၁၊ ၂ခမ။

  •   လူတိုင်းမှာ ပျော်ရွှင်ကျေနပ်စေပြီး အကျိုးရှိတဲ့ အလုပ်အကိုင်ရှိစေမယ်။ “သူတို့သည် မိမိတို့လုပ်အား၏အကျိုးကျေးဇူးကို အပြည့်အ၀ခံစားရကြလိမ့်မည်။ သူတို့ဆောင်ရွက်သည့်အလုပ်သည် အောင်မြင်[မည်။]”—ဟေရှာယ ၆၅:၂၁-၂၃ခမ။

  •   ရောဂါအားလုံးကို ဖယ်ရှားပစ်မယ်။ “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄

  •   ကျွန်ုပ်တို့ကို အိုမင်းခြင်းမရှိအောင် လုပ်ပေးမယ်။ “ထိုသူသည် သူငယ်ထက် အသားအရေနုဖတ်၍ ပျိုသောအရွယ်နှင့် တစ်ဖန်ပြည့်စုံလိမ့်မည်။”—ယောဘ ၃၃:၂၅သမ္မာ။

  •   သေဆုံးသွားသူတွေကို အသက်ပြန်ရှင်စေမယ်။ “သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်[ယေရှု]၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”—ယောဟန် ၅:၂၈၊ ၂၉