မာတိကာဆီ ကျော်သွား

မာရ်နတ် ဘယ်မှာနေသလဲ

မာရ်နတ် ဘယ်မှာနေသလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 နာမ်ဝိညာဉ်သားဖြစ်တဲ့ မာရ်နတ်က မမြင်ရတဲ့ နာမ်ဝိညာဉ်နယ်ပယ်မှာ နေထိုင်ပါတယ်။ အဲဒီနယ်ပယ်က ဘေးမှာပါတဲ့ သရုပ်ဖော်ပုံအတိုင်း လူဆိုးတွေကို နှိပ်စက်တဲ့ မီးငရဲလို နေရာမျိုးမဟုတ်ပါဘူး။

“ကောင်းကင်၌ စစ်ဖြစ်”

 တစ်ချိန်တုန်းက စာတန်မာရ်နတ်ဟာ ကောင်းကင်ဘုံမှာ ကြိုက်သလို သွားလာနေနိုင်ခွင့် ရှိခဲ့တယ်။ သစ္စာရှိတဲ့ကောင်းကင်တမန်တွေနဲ့အတူ ဘုရားသခင်ရှေ့တောင် ရောက်လာတယ်။ (ယောဘ ၁:၆) ဒါပေမဲ့ ‘ကောင်းကင်မှာစစ်ဖြစ်’ ပြီး စာတန်ကို ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချမယ်လို့ ကျမ်းစာမှာကြိုပြောထားတယ်။ (ဗျာဒိတ် ၁၂:၇–၉) ကျမ်းစာသက္ကရာဇ်စဉ်နဲ့ ကမ္ဘာ့ဖြစ်ရပ်တွေအရ ကောင်းကင်မှာ တကယ်စစ်ဖြစ်ခဲ့တယ်ဆိုတာ သိနိုင်တယ်။ အခုဆိုရင် မာရ်နတ်က ကမ္ဘာမြေကြီးဝန်းကျင်မှာပဲ သွားလာခွင့်ရှိတော့တယ်။

 မာရ်နတ်က ကမ္ဘာမြေကြီးရဲ့ သတ်သတ်မှတ်မှတ်နေရာတစ်ခုမှာ နေထိုင်နေတယ်လို့ ဆိုလိုတာလား။ ဥပမာ၊ ရှေးခေတ် ပေရဂံမြို့ကို စာတန်ရဲ့ “ပလ္လင်တည်ရှိရာအရပ်၊” “စာတန်နေထိုင်ရာအရပ်” လို့ ခေါ်ထားတယ်။ (ဗျာဒိတ် ၂:၁၃) တကယ်တော့ အဲဒီမြို့ဟာ စာတန့်ဝတ်ပြုရေးရဲ့ အချက်အချာနေရာဖြစ်တယ်လို့ ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်။ မာရ်နတ်ဟာ “လူနေရာ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံရှိသမျှကို” အုပ်ချုပ်နေတယ်လို့ သမ္မာကျမ်းစာမှာ ပြောထားတယ်။ ဒါကြောင့် မာရ်နတ်ဟာ မြင်ရတဲ့နေရာတစ်နေရာမှာ နေတာမဟုတ်ဘဲ သူ့ကို ချုပ်နှောင်ထားတဲ့ ကမ္ဘာမြေကြီးဝန်းကျင်မှာ သွားလာနေတယ်။​—လုကာ ၄:​၅၊ ၆