မာတိကာဆီ ကျော်သွား

မာရ်နတ်ရဲ့ ရုပ်သွင်က ဘယ်လိုမျိုးလဲ

မာရ်နတ်ရဲ့ ရုပ်သွင်က ဘယ်လိုမျိုးလဲ

ကျမ်းစာ အဖြေ

 မာရ်နတ်ဟာ နာမ်ဝိညာဉ်သတ္တဝါ ဖြစ်လို့ လူ့မျက်စိနဲ့ မြင်နိုင်တဲ့ ရုပ်ခန္ဓာမျိုး မရှိဘူး။—ဧဖက် ၆:၁၁၊ ၁၂

 ပန်းချီဆရာအများက မာရ်နတ်ကို ချိုနဲ့ အမြီးရှိတဲ့၊ ခက်ရင်းခွကြီး ကိုင်ထားတဲ့ လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါအဖြစ် ရေးဆွဲကြတယ်။ ဒဏ္ဍာရီ ပုံပြင်တွေ စွဲလမ်းခဲ့ကြတဲ့ အလယ်ခေတ် ပန်းချီဆရာတွေရဲ့ စိတ်ကူးလက်ရာတွေကို အကောင်အထည်ဖော်ထားကြတာလို့ ယူဆသူတွေလည်း ရှိတယ်။

 မာရ်နတ်ကို ကျမ်းစာက ဘယ်လို ဖော်ပြသလဲ

 ကျမ်းစာမှာ မာရ်နတ်ကို တင်စားချက် အမျိုးမျိုးနဲ့ ပုံဖော်ထားတယ်။ အဲဒီဖော်ပြချက်တွေက မာရ်နတ်ရဲ့ ရုပ်သွင် မဟုတ်ဘဲ စရိုက်တွေကို နားလည်စေတယ်။ ဖော်ပြချက်တချို့ကတော့

  •   အလင်းရဲ့ ကောင်းကင်တမန်။ ဟန်ဆောင်ကောင်းပြပြီး လူတွေ သူ့ဘက်ပါလာအောင် လုပ်တယ်။ ဘုရားစကား နားမထောင်ဘဲ သူ့သွန်သင်ချက်ကို လိုက်နာကြစေဖို့ ဖြစ်တယ်။—၂ ကောရိန္သု ၁၁:၁၄

  •   ဟိန်းဟောက်နေတဲ့ ခြင်္သေ့။ ဘုရားကို ဝတ်ပြုကိုးကွယ်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်တယ်။—၁ ပေတရု ၅:၈

  •   နဂါးကြီး။ ကြောက်စရာ ကောင်းတယ်။ တန်ခိုး ရှိတယ်။ ဖျက်လိုဖျက်ဆီး လုပ်တတ်တယ်။—ဗျာဒိတ် ၁၂:၉