မာတိကာဆီ ကျော်သွား

ဘုရားသခင်က ကျွန်ုပ်တို့ကိုစမ်းသပ်ဖို့ မာရ်နတ်ကိုဖန်ဆင်းခဲ့တာလား။

ဘုရားသခင်က ကျွန်ုပ်တို့ကိုစမ်းသပ်ဖို့ မာရ်နတ်ကိုဖန်ဆင်းခဲ့တာလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင်က မာရ်နတ်ကိုမဖန်ဆင်းခဲ့ဘူး၊ ကိုယ်တော်ဖန်ဆင်းခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးက မာရ်နတ်ဖြစ်လာတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ခုလိုဆိုတယ်– “အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှသည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သော ဘုရားဖြစ်တော်မူ၏။” (တရားဟောရာ ၃၂:၃-၅) စာတန်မာရ်နတ်ဖြစ်လာသူဟာ တစ်ချိန်က ဘုရားသခင်ရဲ့ စုံလင်တဲ့၊ ဖြောင့်မတ်တဲ့ ကောင်းကင်တမန်တစ်ပါးဖြစ်တယ်ဆိုတာ ဒီဖော်ပြချက်ကနေ ကျွန်ုပ်တို့ သိနိုင်တယ်။

 ယောဟန် ၈:၄၄ မှာ ယေရှုက မာရ်နတ်ဟာ “အမှန်တရား၌မတည်မနေ” လို့ပြောခဲ့တယ်၊ ဆိုလိုချင်တာက အရင်က အမှန်တရားမှာရှိပြီး အပြစ်ကင်းခဲ့ပေမဲ့ အဲဒီအခြေအနေမှာ မတည်မနေခဲ့ဘူး။

 ယေဟောဝါရဲ့ အသိဉာဏ်ပြည့်ဝတဲ့တခြားဖန်ဆင်းရာတွေလိုပဲ၊ စာတန်ဖြစ်လာတဲ့ ကောင်းကင်တမန်မှာလည်း အမှားနဲ့အမှန်ကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်။ အဲဒီကောင်းကင်တမန်ဟာ ဘုရားသခင်နဲ့ ဆန့်ကျင်တဲ့လမ်းစဉ်ကို ရွေးချယ်ခြင်း၊ ပထမလူသားမောင်နှံကိုလည်း သူ့ဘက်ပါအောင် ဆွဲဆောင်ခြင်းအားဖြင့် သူ့ကိုယ်သူ စာတန်ဖြစ်အောင် လုပ်ခဲ့တယ်။ စာတန်ရဲ့အဓိပ္ပာယ်က “ခုခံသူ” ဖြစ်တယ်။—ကမ္ဘာဦး ၃:၁-၅၊ ဗျာဒိတ် ၁၂:၉