မာတိကာဆီ ကျော်သွား

တတ်ကျွမ်းမှုများ

တာဝန်ယူတတ်တဲ့ လူကြီးတစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ ဘယ်အရေးကြီး အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေ လိုအပ်သလဲဆိုတာ လေ့လာကြည့်ပါ။

စိတ်ခံစားမှုကို ထိန်းချုပ်ခြင်း

ငါ့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုထိန်းမလဲ

စိတ်ခံစားချက် အတက်အကျဖြစ်တာ သဘာဝဆိုပေမဲ့ အဲဒီလိုဖြစ်တဲ့အခါ လူငယ်များစွာဟာ စိတ်ရှုပ်ကြတယ်။ စိတ်ခံစားချက် အပြောင်းအလဲ ဖြစ်ရတဲ့ အကြောင်းရင်းတွေကို နားလည်ပြီး ထိန်းချုပ်နိုင်ပါတယ်။

ကိုယ့်ရဲ့ အပျက်သဘော ခံစားချက်တွေကို ထိန်းချုပ်ခြင်း

ဒီ​လေ့ကျင့်ခန်း​စာရွက်​က အပျက်သဘော ခံစားချက်တွေကို ထိန်း​နိုင်အောင် အကူအညီ ပေး​နိုင်ပါတယ်။

ဝမ်းနည်းခြင်းမှ ဝမ်းသာခြင်းသို့

သိပ်ဝမ်းနည်းနေရင် ဘာလုပ်နိုင်သလဲ။

အပျက်သဘော အတွေးတွေ ဘယ်လို ရှောင်နိုင်သလဲ

ဒီအကြံပြုချက်တွေကို လိုက်နာပြီး အပြုသဘောထားတွေ မွေးမြူနိုင်ပါတယ်။

ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ

ရန်စခံရတဲ့အခါ စိတ်တည်တည်ငြိမ်ငြိမ်ထားနိုင်အောင် ကျမ်းချက်ငါးချက်က ကူညီပေးနိုင်ပါတယ်။

ဒေါသကို ချိုးနှိမ်နိုင်ပုံ

ကျမ်းစာအကြံပြုချက်ငါးခုက ဒေါသကို ထိန်းနိုင်စေမယ်။

စိုးရိမ်ပူပန်စိတ်ကို ဘယ်လို ရင်ဆိုင်ဖြေရှင်းနိုင်မလဲ

စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အကြံပြုချက် ခြောက်ချက်ကို ဖတ်ကြည့်ပါ။

ဝမ်းနည်းပူဆွေးမှုကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ

ဝမ်းနည်းစိတ် ပြင်းထန်ရင် ကုစားဖို့ အချိန်လိုတယ်။ ဒီဆောင်းပါးမှာပါတဲ့ အကြံပြုချက်တွေကို သုံးသပ်ကြည့်ပါ။ ဘယ်တစ်ခုက သင့်အတွက် အကျိုးအရှိဆုံးဖြစ်မယ်ဆိုတာ စမ်းကြည့်ပါ။

အဖြစ်ဆိုးကြုံရတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ

ရင်ဆိုင်ဖြေရှင်းဖို့ ဘာက ကူညီပေးသလဲဆိုတာကို လူငယ်လေးတွေက ပြန်ပြောပြထားပါတယ်။

သွေးဆောင်မှုတွေကို ဘယ်လို တွန်းလှန်နိုင်သလဲ

မသင့်လျော်တဲ့ ဆန္ဒတွေကို ထိန်းချုပ်ဖို့ အရေးကြီးတဲ့ အချက်သုံးချက်ကို သုံးသပ်ကြည့်ပါ။

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်ပုံ

သွေးဆောင်မှုတွေကို တွန်းလှန်နိုင်စွမ်းရှိတာက တကယ် ယောက်ျားပီသတဲ့၊ မိန်းမပီသတဲ့ အမှတ်အသားဖြစ်တယ်။ အလျှော့ပေးလိုက်လျောလိုက်လို့ ဖြစ်လာတဲ့ ဖိစီးမှုတွေကို ရှောင်နိုင်အောင် သင့်ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာစေတဲ့ အကြံပြုချက် ၆ ချက်ကို လေ့လာကြည့်ပါ။

အချိန်နဲ့ ငွေ

အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ

အဖိုးတန်အချိန်တွေ မဖြုန်းမိအောင် ကူညီပေးမယ့်နည်းငါးမျိုး

ခြေကုန်လက်ပန်းမကျအောင် ဘယ်လို လုပ်နိုင်သလဲ

ဘာတွေကြောင့် ခြေကုန်လက်ပန်းကျတာလဲ။ သင်ကော ခြေကုန်လက်ပန်းကျ နေပါသလား။ ခြေကုန်လက်ပန်းကျနေတယ်ဆိုရင် လာလုပ်နိုင်ပါသလဲ။

အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုဖျောက်ရမလဲ

အချိန်ဆွဲတတ်တဲ့အကျင့်ကို ဖျောက်ဖို့ အထောက်အကူပေးမယ့် အကြံပြုချက်တွေကို ဖတ်ကြည့်ပါ။

အချိန်ဆွဲခြင်းနဲ့ပတ်သက်ပြီး ရွယ်တူချင်းတွေ ပြောဆိုရာ

အချိန်ဆွဲခြင်းရဲ့ ဆိုးကျိုး၊ သင့်အချိန်ကို ပညာရှိရှိအသုံးပြုခြင်းရဲ့ကောင်းကျိုးအကြောင်း လူငယ် ၃ ဦး ပြောပြတာကို နားထောင်ကြည့်ပါ။

ငွေကြေးအကြောင်း ရွယ်တူချင်းတွေပြောဆိုရာ

ငွေစုတာနဲ့ ဘယ်လိုနည်းမှန်လမ်းကျသုံးနိုင်တယ်ဆိုတဲ့အချက်တွေ နားထောင်ကြည့်ပါ။

ငါ့ရဲ့ ငွေအသုံးပြုပုံကို ဘယ်လိုထိန်းချုပ်ရမလဲ

လျှောက်ကြည့်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတိုးဆိုင်ထဲဝင်သွားပေမဲ့ ဈေးကြီးတဲ့ပစ္စည်းဝယ်ပြီး ပြန်ထွက်လာတာမျိုး ဖြစ်ဖူးသလား။ အဲဒီလိုဖြစ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို ကူညီပေးပါလိမ့်မယ်။

သင့်​ငွေကြေးကို စီမံ​နိုင်ပုံ

ကိုယ့်ရဲ့ ဝင်ငွေနဲ့ ချင့်ချိန်​ပြီး လိုအပ်ရာ​နဲ့ လိုချင်ရာ​ကို ခွဲခြား​သိအောင် ဒီ​လေ့ကျင့်ခန်း​စာရွက်​ကို အသုံးပြုပါ။

ငွေသုံးစွဲနည်း

အခုကတည်းက ငွေကို ချွေတာသုံးစွဲမယ်ဆိုရင် ကိုယ်လိုအပ်ချိန်မှာ ငွေရှိနေပါလိမ့်မယ်။

ကိုယ်ရည်ကိုယ်သွေး တိုးတက်မှု

အမှားလုပ်မိရင် ဘာလုပ်ရမလဲ

လူတိုင်း အမှားလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အားလုံးက သင်ခန်းစာ မယူကြဘူး။

အမှားတွေကို ကိုင်တွယ်​ဖြေရှင်းခြင်း

ဒီ​အစီအစဉ်​ဇယား​က အမှားတွေကို ကိုင်တွယ်ဖြေရှင်း​နိုင်ဖို့ ကူညီ​ပေးပါလိမ့်မယ်။

အပြုသဘော ဝေဖန်မှုကို ဘယ်လို သဘောထားသင့်သလဲ

လူငယ်တချို့ ဟာ အထိမခံ ရွှေပန်းကန်တွေ ဖြစ်ကြတယ်။ နည်းနည်းလေး ဝေဖန်ခံလိုက်ရတာနဲ့ စိတ်ဆိုးကြတယ်။ သင်ကော အဲဒီလိုပဲလား။

ဆုံးမပဲ့ပြင်တာကို ဘယ်လို လက်ခံမလဲ

အကြံဉာဏ်ပေးတာ ဒါမှမဟုတ် ပြစ်တင်ပြောဆိုတာက တကယ်တမ်း ဘယ်လိုအကူအညီဖြစ်နိုင်ပါသလဲ။

ဘာကြောင့် ရိုးသားဖို့ လိုသလဲ

ရိုးသားတာ အကျိုးရှိသလား။

သင် ဘယ်လောက် ရိုးသား​သလဲ

ဒီ​အပိုင်း​သုံး​ပိုင်း​နဲ့ ကိုယ့်​ဘာသာ ဆန်းစစ်​ကြည့်ပါ။

အပြောင်းအလဲတွေနဲ့အညီ လိုက်လျောညီထွေနေနိုင်ပုံ

အပြောင်းအလဲတိုင်းကို မရှောင်လွှဲနိုင်ပါဘူး။ အပြောင်းအလဲတွေကို အကောင်းဆုံးဖြေရှင်းဖို့ တချို့ ဘာလုပ်ခဲ့ကြသလဲ။

ငါ ဘယ်လောက်အထိ တာဝန်သိတတ်သလဲ

တချို့လူငယ်တွေဟာ တခြားလူငယ်တွေထက် လွတ်လပ်မှုပိုရကြတယ်။ ဘာဖြစ်လို့လဲ။

ငါ ဘယ်လောက် စိတ်ဓာတ်ကြံ့ခိုင်သလဲ

လူတိုင်းမှာ အခက်အခဲတွေရှိလို့ ပြဿနာက သေးသေးမွှားမွှားဖြစ်စေ၊ ကြီးကြီးမားမားဖြစ်စေ စိတ်ဓာတ်ကြံ့ခိုင်ဖို့ အရေးကြီးတယ်။

အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ

နည်းပညာကြောင့် အာရုံစူးစိုက်နိုင်စွမ်း အားနည်းနိုင်တဲ့ ကဏ္ဍသုံးခု၊ အာရုံစိုက်နိုင်အောင် လုပ်ဆောင်နိုင်ပုံကို လေ့လာကြည့်ပါ။

တခြားဘာသာစကားကို ဘာဖြစ်လို့ သင်ယူတာလဲ

အခက်အခဲတွေက ဘာလဲ။ အကျိုးကျေးဇူးတွေက ဘာလဲ။

ဘာသာစကား​သင်ယူခြင်း​အတွက် အကြံပြုချက်များ

ဘာသာ​စကားအ​သစ်​တစ်ခု သင်ယူ​ချင်တယ်​ဆိုရင် လေ့ကျင့်​ဖို့၊ အချိန်​ပေးဖို့၊ ကြိုးစားဖို့ လိုတယ်။ ဒီ​လေ့ကျင့်ခန်း​စာရွက်​က ဘာသာစကား အသစ်​တစ်ခုကို ပိုင်ပိုင်နိုင်နိုင် သင်ယူဖို့ စီစဉ်​နိုင်​စေ​လိမ့်မယ်။

အိမ်ခွဲနေဖို့ ငါအသင့်ဖြစ်ပြီလား

ဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက် မချခင် ဘယ်မေးခွန်းတွေကို သုံးသပ်သင့်သလဲ။

မိဘနဲ့အတူ ပြန်နေရတဲ့အခါ

ကိုယ့်ဘာသာကိုယ်ရပ်တည်ဖို့ကြိုးစားပေမဲ့ အခက်အခဲတွေပဲ သင်ကြုံခဲ့ရသလား။ လက်တွေ့ ကျတဲ့ ဒီအချက်တွေအတိုင်း လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ရပ်တည်လာနိုင်ပါလိမ့်မယ်။

လူမှုဘဝ

အရှက်အကြောက်ကြီးတာကို ဘယ်လို အောင်မြင်ကျော်လွှားနိုင်မလဲ

မိတ်ဆွေကောင်း၊ အတွေ့အကြုံကောင်းတွေကို လက်လွှတ်မခံပါနဲ့။

လူပေါင်းမဆံ့ဘူးဆိုရင် ဘယ်လို လုပ်ရမလဲ

ကိုယ်ကျင့်တရား စံနှုန်းပိုင်းမှာ သံသယရှိဖွယ် လူတွေနဲ့ လူပေါင်းဆံ့ဖို့ ပိုအရေးကြီးသလား၊ ကိုယ့်စရိုက်အတိုင်း ရိုးရိုးသားသားနေဖို့ ပိုအရေးကြီးသလား။

စကားပြောစွမ်းရည် တိုးတက်အောင် ဘာလုပ်ရမလဲ

စကားစဖို့၊ စကားလက်ဆုံကျဖို့ ကူညီပေးမယ့် အကြံပြုချက် သုံးခုအကြောင်း လေ့လာကြည့်ပါ။

အမူအကျင့်ကောင်း ဘာကြောင့် ရှိသင့်သလဲ

အမူအကျင့်ကောင်းပြတာက ခေတ်နောက်ကျတဲ့လုပ်ရပ်လား၊ ဒါမှမဟုတ် ဒီနေ့အချိန်ထိ လက်တွေ့ကျနေဆဲလား။

ဘာကြောင့် ခဏခဏ ပြောမှားဆိုမှား ဖြစ်ရသလဲ

ဘယ်အကြံပြုချက်က မပြောခင် စဉ်းစားဖို့ ကူညီပေးမလဲ

ဘာကြောင့် တောင်းပန်သင့်သလဲ

သင့်ဘက်က လုံးဝ မမှားရင်တောင် “တောင်းပန်ပါတယ်” လို့ ပြောသင့်တဲ့ အကြောင်းရင်း သုံးခုကို လေ့လာကြည့်ပါ။

တခြားသူတွေကို ဘာကြောင့် ကူညီပေးသင့်သလဲ

တခြားသူတွေကို ကူညီပေးခြင်းက အနည်းဆုံး နည်းနှစ်နည်းနဲ့ အကျိုးဖြစ်စေပါတယ်။ ဘာတွေဖြစ်မလဲ။

တခြားသူတွေကို ကူညီနိုင်မယ့် အစီအစဉ်များ

အကူအညီလိုနေတဲ့သူတွေဟာ ကိုယ့်အနားမှာပဲ ရှိနေနိုင်တယ်။ သင်အစပြုလုပ်ဆောင်နိုင်အောင် ဒီအစီအစဉ်ဇယားမှာ ရိုးရှင်းတဲ့ အဆင့်သုံးဆင့်ကို ဖော်ပြထားပါတယ်။

တခြားသူတွေ ငါ့အကြောင်း အတင်းပြောရင် ဘာလုပ်ရမလဲ

သင့်နာမည်မပျက်အောင် အတင်းပြောမှုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ပါသလဲ။

သူငယ်ချင်းက စိတ်ထိခိုက်အောင်လုပ်ရင် ဘယ်လို လုပ်မလဲ

ပြဿနာကင်းတဲ့ သူငယ်ချင်းမျိုး မရှိဘူး။ ဒါကြောင့် သူငယ်ချင်းက သင် စိတ်ထိခိုက်အောင် လုပ်မိ၊ ပြောမိတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။

အနိုင်ကျင့်ခံနေရရင် ဘာလုပ်ရမလဲ

အနိုင်ကျင့်ခံနေရသူများစွာဟာ အကူအညီမဲ့နေကြတယ်။ အခြေအနေတိုးတက်အောင် လုပ်ဆောင်နိုင်ရာတွေကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အနိုင်ကျင့်ခံရရင် ဘာလုပ်ရမလဲ

အနိုင်ကျင့်သူကို ပြောင်းလဲအောင် မလုပ်နိုင်ပေမဲ့ ကိုယ့်တုံ့ပြန်ပုံကိုတော့ ပြောင်းလဲနိုင်တယ်။

အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း

အနိုင်ကျင့်မှုတွေ ဘာကြောင့် ဖြစ်တာလဲ၊ အနိုင်ကျင့်ခံရတဲ့အခါ ဘယ်လို ရင်ဆိုင်နိုင်သလဲဆိုတာ ကြည့်ပါ။