မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေ ယေရှုကို ယုံသလား။

ယေဟောဝါသက်သေတွေ ယေရှုကို ယုံသလား။

 ယုံပါတယ်။ “ငါသည် လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲ အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” လို့ပြောခဲ့တဲ့ ယေရှုကို ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။ (ယောဟန် ၁၄:၆) ယေရှုဟာ ကောင်းကင်ဘုံကနေ မြေကြီးပေါ်ဆင်းလာပြီး ကျွန်ုပ်တို့အပြစ်အတွက် အသေခံသွားတယ်ဆိုတာကို ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။ (မဿဲ ၂၀:၂၈) သူ့ရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းတို့က သူ့အပေါ်ယုံကြည်ကြောင်း တင်ပြတဲ့သူတွေကို ထာဝရအသက်ရစေပါတယ်။ (ယောဟန် ၃:၁၆) မကြာခင် မြေတစ်ပြင်လုံးကို ငြိမ်းချမ်းစေတော့မယ့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်မှာ ယေရှုဟာ ဘုရင်အဖြစ် အုပ်စိုးနေပြီဆိုတာကိုလည်း ယုံကြည်ပါတယ်။ (ဗျာဒိတ် ၁၁:၁၅) ဒါပေမဲ့ ယေရှုပြောခဲ့တဲ့ ဒီစကားကိုလည်း ကျွန်ုပ်တို့ လက်ခံကြပါတယ်– “ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။” (ယောဟန် ၁၄:၂၈) ယေရှုဟာ အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်မဟုတ်တဲ့အတွက် သူ့ကို ကျွန်ုပ်တို့ မကိုးကွယ်ကြပါဘူး။