မာတိကာဆီ ကျော်သွား

ယေရှုက အနန္တတန်ခိုးရှင်လား။

ယေရှုက အနန္တတန်ခိုးရှင်လား။

သမ္မာကျမ်းစာဖြေဆိုရာ

 ယေရှုကို ဆန့်ကျင်သူတွေက ယေရှုဟာ ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်နဲ့ နှိုင်းယှဉ်တယ်ဆိုပြီး စွပ်စွဲကြတယ်။ (ယောဟန် ၅:၁၈၊ ၁၀:၃၀-၃၃) ဒါပေမဲ့ ယေရှုဟာ မိမိကိုယ်ကိုယ် အနန္တတန်ခိုးရှင်နဲ့ တန်းတူဖြစ်တယ်လို့ တစ်ခါမှ မပြောခဲ့ဘူး။ ကိုယ်တော် ဒီလိုပြောတယ်– “ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။”—ယောဟန် ၁၄:၂၈

 ယေရှုရဲ့ အစောပိုင်းနောက်လိုက်တွေက ယေရှုကို အနန္တတန်ခိုးရှင်ဘုရားသခင်နဲ့ အတူတူပဲလို့ မရှုမြင်ခဲ့ကြဘူး။ ဥပမာ၊ ယေရှုရှင်ပြန်ထမြောက်ပြီးနောက်မှာ တမန်တော်ပေါလုက ခုလိုရေးတယ်– “ဘုရားသခင်သည် ကိုယ်တော်[ယေရှု]ကို သာလွန်မြင့်မြတ်သော အခွင့်အရာသို့ ချီးမြှောက် [ ၏။ ] ” ပေါလုက ယေရှုကို အနန္တတန်ခိုးရှင်အဖြစ် မရှုမြင်ခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်။ အဲဒီလိုမှမဟုတ်ရင် ဘုရားသခင်က ယေရှုကို ဘယ်လိုလုပ်ပြီး သာလွန်မြင့်မြတ်တဲ့အခွင့်အရာကို ချီးမြှောက်နိုင်မှာလဲ။—ဖိလိပ္ပိ ၂:၉