မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း ၅

ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ

ဆွေမျိုးတွေနဲ့ သင့်မြတ်နိုင်ပုံ

“ကြင်နာခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ဝတ်ဆင်​ကြပါ။”—ကောလောသဲ ၃:၁၂

အိမ်ထောင်​ပြုတယ်​ဆိုတာ မိသားစု​အသစ်​ကို တည်ဆောက်​လိုက်တာ​ဖြစ်တယ်။ မိဘကို အမြဲ ချစ်​ကြောက် ရိုသေ​သွား​မှာ​ဖြစ်ပေမဲ့ အခု​က​စပြီး အိမ်ထောင်ဖက်​က ကိုယ့်အတွက် အရေးပါဆုံး​ပုဂ္ဂိုလ် ဖြစ်သွား​ပါပြီ။ ဒါကို သင့်​ဆွေမျိုး​တချို့ လက်ခံဖို့​ခက်ခဲ​နိုင်တယ်။ ကိုယ့်​မိသားစု​အသစ်​ကို ကြိုးစား​တည်ဆောက်​နေရင်း ဆွေမျိုး​တွေ​နဲ့လည်း သင့်မြတ်​နိုင်ဖို့ ကျမ်းစာ​လမ်းညွှန်ချက်တွေ​က​နေ အကူအညီ​ရနိုင်ပါတယ်။

၁ ဆွေမျိုး​တွေ​အပေါ် အမြင်မှန်​ရှိပါ

ကျမ်းစာပြောဆိုရာ– “မိဘကို ရိုသေပါ။” (ဧဖက် ၆:၂) သင် အသက် ဘယ်လောက်​ပဲ​ရှိပါစေ၊ မိဘကို အမြဲ ရိုသေ​လေးစား​ရမယ်။ သင့်​အိမ်ထောင်ဖက်​လ​ည်း သူ့ရဲ့​မိဘကို ရိုသေ​လေးစားဖို့ လိုတယ်​ဆိုတာ မမေ့​ပါ​နဲ့။ “မေတ္တာ​ဟာ မနာလို​မဖြစ်​တတ်” လို့ သင့်​အိမ်ထောင်ဖက်​က သူ့​မိဘနဲ့ ချစ်ချစ်ခင်ခင်​နေတာကို ဘယ်တော့မှ စိတ်​အနှောင့်အယှက်​မ​ဖြစ်ပါ​နဲ့။—၁ ကောရိန္သု ၁၃:၄။ ဂလာတိ ၅:၂၆

သင်​လုပ်ဆောင်​နိုင်ရာ

  • “နင့်​မိသားစုက ငါ့ကို အမြဲ​နှိမ်​တယ်၊”​ “နင့်အမေက ငါ​ဘာလုပ်လုပ် ဘယ်တော့မှ အကောင်း​မပြောဘူး” စတဲ့ ချဲ့ကား​ပြောဆိုတာ​မျိုးကို ရှောင်ပါ

  • အိမ်ထောင်ဖက်​ရဲ့ နေရာ​က​နေ မြင်တတ်ဖို့ ကြိုးစားပါ

၂ လိုအပ်​မယ်​ဆိုရင် ပြတ်သား​ပါ

ကျမ်းစာပြောဆိုရာ– “ယောက်ျား​က မိဘကို​ထားခဲ့ပြီး ဇနီးနဲ့ မခွဲအတူ နေလိမ့်​မယ်။ သူတို့ဟာ တစ်သားတစ်ကိုယ်တည်း ဖြစ်လိမ့်မယ်။” (ကမ္ဘာဦး ၂:၂၄) သင် အိမ်ထောင်ကျ​သွားတာ​တောင်မှ သင့်ကို ဆ​က်​တာဝန်ယူ​ဖို့ လိုသေးတယ်​လို့ မိဘ​တွေ ခံစား​မိ​နိုင်တယ်။ ဒါမှမဟုတ် သင့်​အိမ်ထောင်ရေး​မှာ သူတို့ ပိုပြီး​စွက်ဖက်​ချင်​တာ​​လည်း ဖြစ်နိုင်တယ်။

နှစ်ဖက်​မိဘတွေကို ဘယ်​အတိုင်းအတာ​ထိ​ပဲ ပါဝင်ပတ်သက်​ခွင့်​ပေးမယ်ဆိုတာ သင်တို့​နှစ်ယောက် ဆုံးဖြတ်ပြီး သူတို့ကို လေးလေးစားစား အသိ​ပေးပါ။ ယ​ဉ်ယဉ်​ကျေး​ကျေး၊ ပွင့်ပွင့်လင်းလင်း ပြောပြ​နိုင်ပါတယ်။ (ပညာအလိမ္မာ ၁၅:၁) နှိမ့်ချမှု၊ ကြင်နာမှု​နဲ့ စိတ်ရှည်မှု​တို့​ရှိမယ်ဆိုရင် ဆွေမျိုး​တွေ​နဲ့ ဆက်ဆံရေး ပြေပြစ်​မ​ယ့်​အပြင် သူတို့ကို “မေတ္တာ​ထားပြီး သည်းခံ” နိုင်မှာပါ။—ဧဖက် ၄:၂

သင်​လုပ်ဆောင်​နိုင်ရာ

  • အိမ်ထောင်ရေး​မှာ ဆွေမျိုး​တွေ ပါဝင်​စွက်ဖက်​လွန်း​နေတာကို စိတ်​အနှောင့်အယှက် ဖြစ်နေရင် အေးအေးဆေးဆေး​ရှိနေ​ချိန်မှာ အိမ်ထောင်ဖက်​နဲ့ ဆွေးနွေးပါ

  • အဲဒီ​ကိစ္စ​ကို ဘယ်လို​ဖြေရှင်း​မလဲ​ဆိုတာ နှစ်ဦး​သဘောတူ ဆုံးဖြတ်​ထားပါ