မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုတဲ့နေရာကို ဘာဖြစ်လို့ ချာ့ချ်လို့ မခေါ်တာလဲ

ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုတဲ့နေရာကို ဘာဖြစ်လို့ ချာ့ချ်လို့ မခေါ်တာလဲ

 “ချာ့ချ်” လို့ပြန်ဆိုတဲ့ သမ္မာကျမ်းစာထဲက ဂရိစကားလုံးဟာ ဝတ်ပြုရာအဆောက်အအုံကိုမဟုတ်ဘဲ ဝတ်ပြုတဲ့လူအုပ်စုကို ရည်ညွှန်းတယ်။

 ဒီဥပမာကို ကြည့်ပါ- ရောမမြို့မှာရှိတဲ့ ခရစ်ယာန်တွေဆီ တမန်တော်ပေါလု စာရေးတဲ့အခါ အာကုလနဲ့ ပြစ်ကိလကို နှုတ်ဆက်ပြီး အခုလို ဆက်ရေးခဲ့တယ်- “သူတို့အိမ်၌စုဝေးသော ချာ့ချ်ကိုလည်း နှုတ်ဆက်ပေးကြလော့။” (ရောမ ၁၆:၅Contemporary English Version) ပေါလုက အဆောက်အအုံကို မဟုတ်ဘဲ အဲဒီအိမ်မှာစုဝေးကြတဲ့ လူတွေကို နှုတ်ဆက်နေတာဖြစ်တယ်။ a

 ကျွန်ုပ်တို့ရဲ့ ဝတ်ပြုရာနေရာကို ချာ့ချ်လို့မခေါ်ဘဲ ဝတ်ပြုရာခန်းမ ဒါမှမဟုတ် “နိုင်ငံတော်ခန်းမ” လို့ခေါ်ကြတယ်။

“ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမ” လို့ ဘာကြောင့်ခေါ်တာလဲ။

  •   အဆောက်အအုံက ခန်းမပုံစံ ဖြစ်လို့၊

  •   သမ္မာကျမ်းစာမှာပါတဲ့ဘုရား ယေဟောဝါကို ဝတ်ပြုတဲ့နေရာ၊ အသင်းတော်လိုက် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ဖွဲ့စည်းတဲ့နေရာဖြစ်လို့၊​—ဆာလံ ၈၃:၁၈; ဟေရှာယ ၄၃:၁၂

  •   ယေရှု ပြောလေ့ရှိတဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း သင်ယူဖို့လည်း ကျွန်ုပ်တို့ စည်းဝေးကြလို့၊​—မဿဲ ၆:၉၊ ၁၀; ၂၄:၁၄; လုကာ ၄:၄၃

 “ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမ”ဆိုပြီးခေါ်ရခြင်းဖြစ်တယ်။

 သင်နဲ့နီးတဲ့ ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမကို လာလည်ပတ်ပါ။ ကျွန်ုပ်တို့ ဘယ်လိုစည်းဝေးကြတယ်ဆိုတာ ကိုယ်တိုင်လာကြည့်ပါလို့ သင့်ကိုဖိတ်ခေါ်ပါတယ်။

a အဲဒီလိုအသုံးအနှုန်းကို ၁ ကောရိန္သု ၁၆:၁၉၊ ကောလောသဲ ၄:၁၅ နဲ့ ဖိလေမုန် ၂ မှာလည်း ဖော်ပြထားတယ်။