မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခွင့်လွှတ်ခြင်းက ရန်မီးကို ငြိမ်းစေတယ်

ဇနီးမောင်နှံ​များ​အတွက်

၄– ခွင့်လွှတ်ခြင်း

၄– ခွင့်လွှတ်ခြင်း

ဆိုလိုရင်း

ခွင့်လွှတ်ခြင်း​ဆိုတာ ဗွေမယူခြင်း၊ အငြိုး​မ​ထားခြင်းကို ဆိုလိုတယ်။ အမှားကို လျှော့ပေါ့​ခြင်း၊ ဘာမှ မ​ဖြစ်သယောင် ဟန်ဆောင်ခြင်း​ကို မဆိုလိုဘူး။

ကျမ်းစာ အခြေခံမူ။ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး​သည်းခံ​ကြ​ပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်​ကြ​ပါ။”—ကောလောသဲ ၃:၁၃

“တစ်ယောက်ယောက်ကို ချစ်ရင် သူ့​အားနည်းချက်တွေကို ကျော်​ပြီး ဘယ်လို​လူမျိုး​ဖြစ်ဖို့ သူ ကြိုးစားနေတယ်ဆိုတာကိုပဲ ကြည့်​တတ်တယ်။”—အေရွန်။

ဘာကြောင့် အရေးကြီးသလဲ

အငြိုး​ထား​ရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နိုင်တယ်။ အိမ်ထောင်ရေး​ကိုလည်း ထိခိုက်နိုင်တယ်။

“တစ်ခါတုန်းက ကျွန်မကို အကြီးအကျယ် စိတ်​ထိခိုက်စေတဲ့​အရာ​အတွက် ကျွန်မ​အမျိုးသား​က တောင်းပန်တယ်။ တော်တော်​နဲ့ ခွင့်မလွှတ်​နိုင်​ဘူး။ နောက်ဆုံးတော့ ခွင့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ စောစောစီးစီး ခွင့်မလွှတ်​ခဲ့​မိ​လို့ နောင်တရတယ်။ မလိုအပ်ဘဲ အိမ်ထောင်ရေးမှာ အဖုအထစ် ဖြစ်​သွား​လို့​ပါ။”—ဂျူလီယာ။

လုပ်ဆောင်နိုင်ရာ

ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ပါ

အိမ်ထောင်ဖက်ရဲ့ အပြော၊ အလုပ်​ကြောင့် စိတ်ထိခိုက်​တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ–

  • ‘ငါ ဆတ်ဆတ်ထိ​မခံ ဖြစ်​နေ​သ​လား။’

  • ‘တောင်းပန်ခံရလောက်တဲ့အထိ အရေးကြီး​လို့​လား။ လျစ်လျူရှု​လိုက်​နိုင်မလား။’

အိမ်ထောင်ဖက်​နဲ့ ဆွေးနွေးပါ

  • အပြန်အလှန် ခွင့်လွှတ်ဖို့ ဘယ်လောက်​ကြာ​တတ်​သလဲ။

  • အမြန်ဆုံး ခွင့်လွှတ်​နိုင်​အောင် ဘာတွေ လုပ်နိုင်မလဲ။

အကြံပြုချက်များ

  • ကိုယ့်ကို စိတ်ထိခိုက်အောင်​လုပ်တဲ့အခါ အိမ်ထောင်ဖက်​ကို စိတ်ထား​မကောင်းဘူး​လို့ မသတ်မှတ်​လိုက်ပါ​နဲ့။

  • “ကျွန်တော်တို့​အားလုံး ခဏခဏ မှားတတ်ကြတယ်” ဆိုတာကို သတိရပြီး အိမ်ထောင်ဖက်ရဲ့ လုပ်ရပ်ကို ခွင့်လွှတ်ဖို့ ကြိုးစားပါ။—ယာကုပ် ၃:၂

“နှစ်ဖက်စလုံး မှားတဲ့အခါ ခွင့်လွှတ်ဖို့ လွယ်ပေမဲ့ တစ်ဖက်​က​ပဲ မှားရင်တော့ ခွင့်လွှတ်ဖို့ ခက်​တတ်တယ်။ တောင်းပန်​တာကို​လက်ခံဖို့၊ ခွင့်လွှတ်ဖို့ စစ်မှန်တဲ့​နှိမ့်ချမှု ရှိရမယ်။”—ကင်ဘာလီ။

ကျမ်းစာ အခြေခံမူ။ “ပြေလည်အောင် ချက်ချင်း လုပ်ပါ။”—မဿဲ ၅:၂၅

အငြိုး​ထား​ရင် ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နိုင်တယ်။ အိမ်ထောင်ရေး​ကိုလည်း ထိခိုက်နိုင်တယ်