မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

E+/taseffski/via Getty Images (Stock photo. Posed by model.)

သတိနဲ့ စောင့်နေကြပါ

ပိုဆိုးလာတဲ့ ဆယ်ကျော်သက်စိတ်ကျန်းမာရေး ပြဿနာ—ကျမ်းစာအဆိုက ဘာလဲ

ပိုဆိုးလာတဲ့ ဆယ်ကျော်သက်စိတ်ကျန်းမာရေး ပြဿနာ—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်၊ တနင်္လာနေ့မှာ အမေရိကန်ပြည်ထောင်စု၊ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန (CDC) က အမေရိကန် ဆယ်ကျော်သက်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းတစ်ခု ထုတ်ပြန်ခဲ့တယ်။ အထက်တန်းကျောင်းသူ၊ ကျောင်းသား ၄၀ ရာခိုင်နှုန်းကျော်ဟာ အမြဲလိုလို ဝမ်းနည်းနေတယ်၊ မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားကြတယ်ဆိုပြီး သတင်းမှာ ဖော်ပြတယ်။

 ဗဟိုဌာနရဲ့ ဆယ်ကျော်သက် ကျောင်းကျန်းမာရေး (DASH) အပိုင်းမှာ ဒါရိုက်တာလုပ်နေတဲ့ ဒေါက်တာ ကိတ်လန် အယ်သီရာ အခုလိုပြောပြတယ်– “လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်းမှာ လူငယ်တွေရဲ့ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးလာတာကို မြင်ခဲ့ရပေမဲ့ အခုလောက်အထိ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ စိတ်ကျန်းမာရေး အခြေအနေ ဆိုးရွားလာတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြံစည်လာတာတွေ မမြင်ဖူးဘူး။”

 သတင်းအရ

  •   မိန်းကလေး ၁၀ ယောက်မှာ ၁ ယောက်ကျော် (၁၄ ရာခိုင်နှုန်း) ဟာ အလိုမတူဘဲ လိင်ဆက်ဆံဖို့ ဖိအားပေးခံရတယ်။ “ဆယ်ကျော်သက်မိန်းကလေး ၁၀ ယောက်မှာ အနည်းဆုံး တစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်မကဟာ အဓမ္မပြုကျင့်ခံနေရတာဆိုတော့ တကယ့်ကို စိတ်ပူစရာပဲ” ဆိုပြီး ဒေါက်တာ အယ်သီရာ ပြောတယ်။

  •   ဆယ်ကျော်သက်မိန်းကလေး ၃ ယောက်မှာ ၁ ယောက်နီးပါး (၃၀ ရာခိုင်နှုန်း) က ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားကြတယ်။

  •   ဆယ်ကျော်သက်မိန်းကလေး ၅ ယောက်မှာ ၃ ယောက်နီးပါးက အမြဲလိုလို ဝမ်းနည်းနေတယ်၊ မျှော်လင့်ချက်မဲ့နေတယ်လို့ ခံစားကြရတယ်။

 ထိတ်လန့်စရာ မှတ်တမ်းတွေပါပဲ။ တကယ်တော့ လူငယ်ဘဝဆိုတာ ပျော်ရွှင်ရမယ့်အချိန်ပါ။ ဆယ်ကျော်သက်တွေ ရင်ဆိုင်နေရတဲ့ ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်ကနေ အကူအညီရနိုင်သလဲ။ ကျမ်းစာအဆိုက ဘာလဲ။

ကျမ်းစာမှာ ဆယ်ကျော်သက်တွေအတွက် လက်တွေ့ကျအကူအညီ ပါရှိ

 ကျွန်တော်တို့ လက်ရှိအသက်ရှင်နေထိုင်တဲ့အချိန်ဟာ ဖိစီးမှုတွေ များမယ်၊ “အလွန် ခက်ခဲကျပ်တည်းမယ်” ဆိုပြီး ကျမ်းစာမှာ ပြောထားတယ်။ (၂ တိမောသေ ၃:၁-၅) ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ ဆယ်ကျော်သက်တွေအတွက် အမြဲတမ်းအသုံးဝင်တဲ့ အကြံပြုချက်တွေ ကျမ်းစာမှာ ပါတယ်။ အဲဒီအကြံပြုချက်တွေက ဆယ်ကျော်သက်တွေရဲ့ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်တယ်။ အောက်ပါကျမ်းစာအခြေပြု ဆောင်းပါးတွေကို ဖတ်ကြည့်ပါ။

 အသက်ဆက်မရှင်ချင်တော့တဲ့ ဆယ်ကျော်သက်တွေအတွက် အကူအညီ

 စိတ်ဓာတ်ကျမှု၊ ဝမ်းနည်းမှု၊ အပျက်သဘောတွေ ခံစားနေရတဲ့ ဆယ်ကျော်သက်တွေအတွက် အကူအညီ

 အနိုင်ကျင့်ခံနေရတဲ့၊ ဆိုက်ဘာအနိုင်ကျင့်မှု ခံနေရတဲ့ ဆယ်ကျော်သက်တွေအတွက် အကူအညီ

 လိင်ဆိုင်ရာ စော်ကားနှောင့်ယှက်မှု၊ လိင်ဆိုင်ရာ စော်ကားမှု ခံနေရတဲ့ ဆယ်ကျော်သက်တွေအတွက် အကူအညီ

မိဘတွေအတွက် ကျမ်းစာထဲက လက်တွေ့ကျအကြံပြုချက်

 ဘဝအခက်အခဲတွေကို ဆယ်ကျော်သက်သားသမီးတွေ ရင်ဆိုင်ဖြေရှင်းရာမှာ မိဘတွေအနေနဲ့ ဘယ်လိုကူညီနိုင်တယ်ဆိုတဲ့အကြောင်း ကျမ်းစာမှာ အကြံပြုထားတယ်။ အောက်ပါ ကျမ်းစာအခြေပြုဆောင်းပါးတွေကို ဖတ်ကြည့်ပါ။