မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ

သင်ဟာ နွယ်နီ *နဲ့ ဆုံဖူးသူဖြစ်မယ်ဆိုရင် သူဟာ ဉာဏ်ထက်တဲ့သူ၊ ဖော်ရွေပြီး အပေါင်းအသင်းဆံ့သူလို့ မြင်မှာဖြစ်တယ်။ အပေါ်ယံအနေနဲ့ အဲဒီလို မြင်ရပေမဲ့လည်း နွယ်နီဟာ သူ့ကိုယ်သူ လုံးလုံးအသုံးမကျသူတစ်ယောက်လို့မြင်ပြီး ရက်အတော်ကြာ၊ အပတ်အတော်ကြာ၊ တစ်ခါတလေ လနဲ့ချီ စိတ်ကျနေသူဖြစ်တယ်။ “နေ့တိုင်းလိုလို သေချင်တဲ့စိတ်ပဲ ပေါ်နေတာ။ ဒီလောကမှာ ငါမရှိရင် ပိုကောင်းမယ်လို့ ခံစားရတယ်” ဆိုပြီး သူပြောပြတယ်။

“လေ့လာမှုတွေအရ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားချိန်မှာ အယောက် ၂၀၀ ဟာ မိမိကိုယ်ကိုယ်သတ်သေဖို့ ကြိုးစားပေမဲ့ မအောင်မြင်သူတွေဖြစ်ပြီး အယောက် ၄၀၀ က ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားနေကြတယ်ဆိုတာကို လေ့လာတွေ့ရှိရတယ်။”—ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့ထုတ် သတင်းစာ (THE GAZETTE)

ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံတာတော့ လုံးဝမလုပ်ဘူးလို့ နွယ်နီပြောပါတယ်။ ဒါပေမဲ့ အသက်ရှင်ရတာ ဘာမျှော်လင့်ချက်မှမရှိဘူးလို့ တစ်ခါတစ်ခါ သူခံစားနေရတုန်းပဲ။ “မတော်တဆမှုတစ်ခုခုဖြစ်ပြီး သေသွားရင်ကောင်းမှာပဲ။ သေခြင်းကို ရန်သူလို့မထင်ဘူး။ မိတ်ဆွေလို့ပဲ ထင်တယ်” လို့သူပြောတယ်။

လူတော်တော်များများဟာ နွယ်နီလို ခံစားနေရနိုင်ပြီး တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားခဲ့ဖူး ဒါမှမဟုတ် ကြိုးစားခဲ့ဖူးကြတယ်။ ပညာရှင်တွေရဲ့အဆိုအရ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတဲ့သူတွေဟာ တကယ်တမ်း သေချင်လို့တော့မဟုတ်ဘူး၊ ခံစားနေရတဲ့ဒုက္ခကနေ လွတ်ချင်လို့သာဖြစ်တယ်။ လိုရင်းပြောရရင် သူတို့မှာ သေသင့်တဲ့ အကြောင်းရင်းရှိတယ်လို့ ထင်နေကြတာ၊ တကယ်တမ်း သူတို့လိုအပ်တာက အသက်ဆက်ရှင်ဖို့လိုတဲ့ အကြောင်းရင်းဖြစ်တယ်။

ဘာကြောင့် အသက်ဆက်ရှင်ဖို့လိုတာလဲ။ အသက်ဆက်ရှင်ဖို့လိုတဲ့ အကြောင်းရင်း သုံးခုကို သုံးသပ်ကြည့်ပါ။

^ စာပိုဒ်၊ 3 နာမည်ပြောင်းထားပါတယ်။