မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ သေဆုံးရမယ့်အချိန်ကို ကြိုတင်သတ်မှတ်ထားသလား

ကျွန်ုပ်တို့ သေဆုံးရမယ့်အချိန်ကို ကြိုတင်သတ်မှတ်ထားသလား

သမ္မာကျမ်းစာ ဖြေဆိုရာ

 ကျွန်ုပ်တို့ သေဆုံးရမယ့်အချိန်ကို ကြိုတင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ကျမ်းစာက ကံကြမ္မာအယူအဆကို မထောက်ခံပါဘူး။ တစ်ခါတလေ၊ “မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေ” ကြောင့် လူတွေသေဆုံးရတယ်လို့ ပြောထားတယ်။—ဒေသနာ ၉:၁၁ကဘ။

သေဆုံးရမယ့်အချိန်ရှိတယ်လို့ ကျမ်းစာမှာ ပြောထားတယ်မဟုတ်လား

 ပြောထားပါတယ်။ ဒေသနာ ၃:၂ မှာ “ဖွားချိန်နှင့် သေချိန်လည်းရှိ၏။ စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးသောအရာကို နုတ်ရသောအချိန်လည်းရှိ၏” လို့ပြောထားတယ်။ ဒါပေမဲ့ ရှေ့နောက်စကားတွေကို ဖတ်ကြည့်မယ်ဆိုရင် ဒီကျမ်းချက်က လူတွေကြုံတွေ့နေကျ အရာတွေအကြောင်း ပြောနေတာဖြစ်တယ်။ (ဒေသနာ ၃:၁–၈) လယ်သမားတစ်ဦးကို ဘယ်နေ့မှာ စိုက်ပျိုးရမယ်လို့ မသတ်မှတ်ထားသလို ကျွန်ုပ်တို့ သေဆုံးရမယ့်နေ့ကိုလည်း ဘုရား မသတ်မှတ်ထားပါဘူး။ ဒီကျမ်းစကားတွေရဲ့ ဆိုလိုရင်းက ဖန်ဆင်းရှင်ကို လျစ်လျူရှုမိတဲ့အထိ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေအပေါ် အာရုံစိုက်လွန်းနေတာမျိုးကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။—ဒေသနာ ၃:၁၁; ၁၂:၁၊ ၁၃

အသက်ရှည်ရှည်နေနိုင်

 လူ့ဘဝဟာ နေ့မြင်ညပျောက်ဖြစ်တတ်ပေမဲ့ ပညာရှိရှိနေထိုင်မယ်ဆိုရင် အသက်ရှည်နိုင်ပါတယ်။ ကျမ်းစာမှာ ဒီလိုပြောထားတယ်- “ပညာရှိသောသူ၏ တရားသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။” (သုတ္တံ ၁၃:၁၄) မောရှေကလည်း အစ္စရေးလူတွေကို ဘုရားရဲ့ပညတ်တွေအတိုင်း လိုက်လျှောက်မယ်ဆိုရင် “အသက်တာရှည်” မယ်လို့ ပြောခဲ့တယ်။ (တရားဟောရာ ၆:၂) ဒါပေမဲ့ ကျွန်ုပ်တို့ဟာ မဆင်မခြင် နေထိုင်စားသောက်ပြုမူမယ်ဆိုရင်တော့ အသက်ရှည်ရှည်နေနိုင်မှာ မဟုတ်ဘူး။—ဒေသနာ ၇:၁၇

 ကျွန်ုပ်တို့ ဘယ်လောက်ပဲ ပညာရှိရှိနဲ့ ဂရုတစိုက်နေထိုင်ကြပေမဲ့ သေခြင်းတရားကနေတော့ မလွတ်မြောက်နိုင်ကြပါဘူး။ (ရောမ ၅:၁၂) ဒါပေမဲ့ အခြေအနေတွေ ပြောင်းလဲတော့မယ်။ အကြောင်းက “သေခြင်းရှိတော့မည်မဟုတ်” လို့ ကျမ်းစာမှာ ကတိပေးထားလို့ပါပဲ။—ဗျာဒိတ် ၂၁:၄