မာတိကာဆီ ကျော်သွား

ကျမ်းပိုဒ် ရှင်းပြချက်များ

ရောမ ၅:၈​—“ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့”

ရောမ ၅:၈​—“ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့”

 “ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်။ ဒီနည်းနဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်။”—ရောမ ၅:၈ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

 “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။”—ရောမ ၅:၈၊ ယုဒသန်ကျမ်း။

ရောမ ၅:၈ အဓိပ္ပာယ်

 ကျွန်တော်တို့ရဲ့ အပြစ်အတွက် သားတော်ယေရှုခရစ်ကို စေလွှတ်ပြီး အသေခံခိုင်းတဲ့အထိ အဖဘုရား ယေဟောဝါ a ရဲ့မေတ္တာဟာ ကြီးမားလွန်းတယ်။ (ယောဟန် ၃:၁၆) ဘုရားသခင့်ရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေကို ဆန့်ကျင်ပြီး ကျွန်တော်တို့ တွေးခေါ်၊ ပြုမူတတ်ကြတယ်။ (ကောလောသဲ ၁:၂၁၊ ၂၂) ဒါပေမဲ့ “သားတော်ရဲ့ သေခြင်းကြောင့်” ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာကြတယ်။ (ရောမ ၅:၁၀) ဘုရားသခင်နဲ့ ခင်မင်ရင်းနှီးခွင့် ရရှိတဲ့အပြင် ထာဝရအသက် မျှော်လင့်ချက်ကိုလည်း ပိုင်ဆိုင်ခဲ့ကြတယ်။—ရောမ ၅:၁၁။ ၁ ယောဟန် ၄:၉၊ ၁၀

ရောမ ၅:၈ ရဲ့အထက်အောက်စကား

 ရောမခရစ်ယာန်တွေဆီ တမန်တော်ပေါလု စာတွေ ရေးခဲ့တယ်။ အဲဒီစာတွေထဲက အခန်းကြီး ၅ မှာ ရွှင်လန်းဝမ်းမြောက်နိုင်တဲ့၊ ကိုယ့်ရဲ့မျှော်လင့်ချက်ကို ယုံကြည်စိတ်ချနိုင်တဲ့ အကြောင်းရင်းကို ပေါလု ရှင်းပြထားတယ်။ (ရောမ ၅:၁၊ ၂) အဲဒီမျှော်လင့်ချက်ကြောင့် “စိတ်ပျက်ရမှာ မဟုတ်ဘူး။” ဘာဖြစ်လို့လဲဆိုတော့၊ ယေရှုရဲ့အသက်ကိုတောင် ပေးပြီး ကျွန်တော်တို့ကို ဘယ်လောက်ချစ်လဲဆိုတာ ဘုရားသခင် ပြခဲ့ပြီဖြစ်လို့ပဲ။ (ရောမ ၅:၅၊ ၆) ပထမဆုံးလူသား အာဒံနဲ့မတူဘဲ ယေရှုက ဘုရားသခင်ရဲ့စကားကို မြေဝယ်မကျ နားထောင်တယ်။ (ရောမ ၅:၁၉) အာဒံရဲ့ မနာခံမှုကြောင့် လူသားအားလုံး အပြစ်နဲ့ သေခြင်း ဘဝကို ကျရောက်ခဲ့တယ်။ (ရောမ ၅:၁၂) ဒါပေမဲ့ ယေရှုရဲ့ အပြည့်အဝ နာခံမှုနဲ့ ရွေးဖိုးအဖြစ် အသက်ပေးထားလို့ နာခံမှုရှိတဲ့လူသားတွေ ထာဝရအသက် မျှော်လင့်ချက်ကို ရရှိလာကြတယ်။—ရောမ ၅:၂၁

a ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့နာမည်ဖြစ်တယ်။—ဆာလံ ၈၃:၁၈