မာတိကာဆီ ကျော်သွား

“စိတ်မဝင်စားဘူး” လို့ပြောတဲ့သူတွေဆီ ယေဟောဝါသက်သေတွေ ဘာကြောင့် ပြန်သွားကြတာလဲ

“စိတ်မဝင်စားဘူး” လို့ပြောတဲ့သူတွေဆီ ယေဟောဝါသက်သေတွေ ဘာကြောင့် ပြန်သွားကြတာလဲ

 ယေဟောဝါသက်သေတွေဟာ ဘုရားသခင်နဲ့ လူလူချင်းကို ချစ်တဲ့မေတ္တာကြောင့် အရင်က “စိတ်မဝင်စားဘူး” လို့ပြောတဲ့သူတွေအပါအဝင် လူအားလုံးကို ကျမ်းစာသတင်းတရား ဝေမျှကြတယ်။ (မဿဲ ၂၂:​၃၇-၃၉) ဘုရားသခင်ကို ချစ်တဲ့အတွက် “စေ့စေ့စပ်စပ် သက်သေခံ” ပါလို့ မှာထားတဲ့ ကိုယ်တော့်သားတော်ရဲ့ စကားကို နားထောင်ကြတယ်။ (တမန်တော် ၁၀:၄၂။ ၁ ယောဟန် ၅:၃) အဲဒီလိုလုပ်ဖို့ ရှေးခေတ်ပရောဖက်တွေလို ဘုရားသခင့် သတင်းစကားကို တစ်ကြိမ်ထက်မက သွားပြောကြတယ်။ (ယေရမိ ၂၅:၄) လူလူချင်းကို ချစ်တဲ့အတွက် အသက်ကယ်သတင်းဖြစ်တဲ့ ‘နိုင်ငံတော်သတင်းကောင်း’ ကို ပထမအကြိမ် စိတ်မဝင်စားတဲ့သူတွေအပါအဝင် အားလုံးကို ကြိုးစားဝေမျှကြတယ်။​—မဿဲ ၂၄:၁၄

 အရင်က စိတ်မဝင်စားတဲ့အိမ်တွေကို ပြန်သွားတဲ့အခါ စိတ်ဝင်စားသူတွေကို တွေ့ရတတ်တယ်။ ဘာကြောင့်လဲဆိုတော့-

  •   ပြောင်းရွှေ့သွားကြတာ ဖြစ်နိုင်တယ်။

  •   အိမ်သားနောက်တစ်ယောက်က စိတ်ဝင်စားတာမျိုး ရှိတတ်တယ်။

  •   သူတို့ စိတ်ပြောင်းလဲသွားတာ ဖြစ်နိုင်တယ်။ ကမ္ဘာ့အဖြစ်အပျက်တွေ၊ ဘဝအပြောင်းအလဲတွေကြောင့် လူတချို့ဟာ ‘ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်’ လာပြီး ကျမ်းစာသတင်းစကားကို စိတ်ဝင်စားလာကြတယ်။ (မဿဲ ၅:၃) အရင်က ဆန့်ကျင်ခဲ့သူတွေတောင် တမန်တော်ပေါလုလို စိတ်ပြောင်းလဲလာနိုင်ပါတယ်။​—၁ တိမောသေ ၁:၁၃

 ယေဟောဝါသက်သေတွေဟာ ဘယ်သူ့ကိုမှ အတင်းအကျပ် ဖိအားမပေးပါဘူး။ (၁ ပေတရု ၃:၅) လူတိုင်းဟာ ဝတ်ပြုရေးနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတာ ကျွန်တော်တို့ သိထားကြပါတယ်။​—တရားဟောရာ ၃၀:​၁၉၊ ၂၀