မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို ဘာကြောင့် မသုံးကြတာလဲ

ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို ဘာကြောင့် မသုံးကြတာလဲ

 လူအများစုက လက်ဝါးကားတိုင်ကို ခရစ်ယာန်တွေရဲ့ အမှတ်သင်္ကေတဖြစ်တယ်လို့ ယူဆကြတယ်။ ယေဟောဝါသက်သေတွေလည်း ခရစ်ယာန်တွေဖြစ်ပေမဲ့ ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို မသုံးကြပါဘူး။ ဘာကြောင့် မသုံးတာလဲ။

 အကြောင်းရင်းတစ်ခုက ယေရှုဟာ လက်ဝါးကားတိုင်ပေါ်မှာသေတာမဟုတ်ဘဲ ရိုးရိုးသစ်တိုင်ပေါ်မှာ သေသွားခဲ့တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့အတွက်ဖြစ်တယ်။ ဒါ့အပြင် ကျမ်းစာထဲမှာ ခရစ်ယာန်တွေကို ခုလို ပြင်းပြင်းထန်ထန် သတိပေးထားတယ်– “ရုပ်တုကိုးကွယ်ခြင်းကို ဝေးဝေးရှောင်ကြလော့။” ဒီအချက်ကြောင့် ဝတ်ပြုကိုးကွယ်မှုမှာ လက်ဝါးကားတိုင်ကို အသုံးမပြုကြခြင်းဖြစ်တယ်။—၁ ကောရိန္သု ၁၀:၁၄; ၁ ယောဟန် ၅:၂၁

 ယေရှုကိုယ်တိုင်လည်း ဒီလိုပြောခဲ့တယ်- “သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၄၊ ၃၅) ယေရှုနောက်လိုက်စစ်တွေရဲ့ အမှတ်သင်္ကေတဟာ လက်ဝါးကားတိုင် ဒါမှမဟုတ် တခြားရုပ်ပုံရုပ်တုတွေမဟုတ်ဘဲ ကိုယ်ကျိုးစွန့်မေတ္တာဖြစ်တယ်ဆိုတာ အထက်ပါ ယေရှုရဲ့စကားတွေကနေ သိနိုင်တယ်။