မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေအဖြစ်ကနေ နုတ်ထွက်လို့ ရသလား

ယေဟောဝါသက်သေအဖြစ်ကနေ နုတ်ထွက်လို့ ရသလား

 ရပါတယ်။ အဖွဲ့အစည်းကနေ အောက်ပါ နည်းနှစ်နည်းနဲ့ နုတ်ထွက်နိုင်တယ်-

  •   တရားဝင် တောင်းဆိုခြင်း။ ယေဟောဝါသက်သေအဖြစ် မခံယူလိုတော့ပါဆိုတဲ့ မိမိရဲ့ ဆုံးဖြတ်ချက်ကို နှုတ်နဲ့ဖြစ်စေ၊ စာနဲ့ဖြစ်စေ ဖော်ပြနိုင်တယ်။

  •   လုပ်ရပ်။ ယေဟောဝါသက်သေ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအဝင် မဟုတ်ကြောင်း ဖော်ပြတဲ့ လုပ်ရပ်တစ်ခု လုပ်နိုင်တယ်။ (၁ ပေတရု ၅:၉) ဥပမာ၊ တခြားဘာသာနဲ့ ပူးပေါင်းပြီး အဲဒီဘာသာဝင် ဖြစ်ချင်တယ်ဆိုတာ အသိပေးမယ်။​—၁ ယောဟန် ၂:၁၉

လူတစ်ယောက်က ဟောပြောခြင်းနဲ့ ဝတ်ပြုအစည်းအဝေးတွေမှာ မပါဝင်တော့ဘူး ဆိုပါစို့။ နုတ်ထွက်သူအဖြစ် သတ်မှတ်ပါသလား။

 မသတ်မှတ်ပါဘူး။ နုတ်ထွက်ခြင်း ဒါမှမဟုတ် အသင်းတော်နဲ့ အဆက်ဖြတ်ခြင်းဆိုတာ ယုံကြည်ခြင်း အားနည်းလာခြင်းနဲ့ မတူဘူး။ အချိန်ကာလတစ်ခုအထိ ဝတ်ပြုရေးမှာ အားနည်းလာသူ၊ မပါဝင်တော့သူ အများစုဟာ ယုံကြည်ခြင်းကို စွန့်လွှတ်သူတွေ မဟုတ်ကြဘူး။ စိတ်ဓာတ်ကျနေလို့ ဖြစ်တယ်။ သူတို့ကို ကြဉ်မယ့်အစား ကြင်ကြင်နာနာ ဖေးမကူညီပေးကြတယ်။ (၁ သက်သာလောနိတ် ၅:၁၄။ ယုဒ ၂၂) အကူအညီ လိုအပ်နေရင် အသင်းတော် အကြီးအကဲတွေက ဦးဆောင်ပြီး ဘုရားရေးရာ အကူအညီတွေ ပေးကြတယ်။​—ဂလာတိ ၆:၁။ ၁ ပေတရု ၅:၁-၃

 ဒါပေမဲ့ သူ့ကို ယေဟောဝါသက်သေတစ်ဦးအဖြစ် ဆက်ရှိနေဖို့ အတင်းအကျပ် ဖိအားပေးတာမျိုး အကြီးအကဲတွေမှာ လုပ်ပိုင်ခွင့် မရှိဘူး။ ဘာသာရေးနဲ့ပတ်သက်လာရင် လူတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်။ (ယောရှု ၂၄:၁၅) ဘုရားကို စိတ်စေတနာအပြည့်နဲ့ ဝတ်ပြုကိုးကွယ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။​—ဆာလံ ၁၁၀:၃။ မဿဲ ၂၂:၃၇