မာတိကာဆီ ကျော်သွား

ယေဟောဝါ သက်သေတွေဟာ မိမိတို့ အသင်းသားတွေကို ကြဉ်ထားတာမျိုး ရှိပါသလား။

ယေဟောဝါ သက်သေတွေဟာ မိမိတို့ အသင်းသားတွေကို ကြဉ်ထားတာမျိုး ရှိပါသလား။

 ယေဟောဝါသက်သေအဖြစ် နှစ်ခြင်းခံထားပေမဲ့ တခြားသူတွေကို မဟောပြောတော့တဲ့အပြင် ယုံကြည်ချက်တူသူတွေနဲ့ တဖြည်းဖြည်း အပေါင်းအသင်း မလုပ်တော့တဲ့သူတွေဟာ နှင်ထုတ်ခံရသူတွေ မဟုတ်ကြပါဘူး။ တကယ်ဆိုရင် သူတို့ကို ဝတ်ပြုရေးမှာ ပြန်ပါဝင်လာအောင် ကျွန်တော်တို့ ကြိုးစား ကူညီပေးကြပါတယ်။

 ကြီးလေးတဲ့အပြစ် ကျူးလွန်သူကို အလိုအလျောက် ပယ်ရှားလိုက်တာမျိုး မလုပ်ပါဘူး။ ဒါပေမဲ့ နှစ်ခြင်းခံပြီးသား သက်သေခံတစ်ယောက်ဟာ ကျမ်းစာစံနှုန်းတွေကို ထပ်တလဲလဲ ချိုးဖောက်ပြီး နောင်တမယူဘူးဆိုရင် နှင်ထုတ်ခံရမှာ ဖြစ်တယ်။ “ဆိုးညစ်တဲ့ အဲဒီလူကို အသင်းတော်ထဲကနေ ဖယ်ရှားလိုက်ပါ” ဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။—၁ ကောရိန္သု ၅:၁၃

 အမျိုးသားတစ်ယောက် အသင်းတော်က နှင်ထုတ်ခံရပေမဲ့ ဇနီးနဲ့ ကလေးတွေဟာ ယေဟောဝါသက်သေတွေ ဖြစ်နေတုန်းပဲ ဆိုရင်ကော။ ဘာသာရေးကိစ္စမှာ မိသားစုနဲ့အတူ သူ ပါဝင်ပတ်သက်လို့ မရတော့ပေမဲ့ သွေးသားတော်စပ်မှု ရှိနေတုန်းပါပဲ။ ဒါကြောင့် မိသားစုအတွင်းမှာ ပုံမှန် ပြောဆိုဆက်ဆံမှုတွေကတော့ ရှိနေဦးမှာပါပဲ။

 နှင်ထုတ်ခံထားရသူတွေဟာ ဝတ်ပြုစည်းဝေးပွဲတွေကို တက်ရောက်နိုင်ပါတယ်။ ဆန္ဒရှိမယ်ဆိုရင် အသင်းတော် အကြီးအကဲတွေဆီကနေ ကျမ်းစာအကြံဉာဏ်တွေ ရယူနိုင်ပါတယ်။ ရည်ရွယ်ချက်ကတော့ ယေဟောဝါသက်သေအဖြစ် ပြန်လည် အရည်အချင်း ပြည့်မီဖို့ပါ။ အကျင့်ဆိုးတွေကို စွန့်ပြီး ကျမ်းစာစံနှုန်းတွေနဲ့အညီ ပြန်နေထိုင်လိုကြောင်း ဖော်ပြတဲ့ နှင်ထုတ်ခံထားရသူတွေကို အမြဲ လက်ကမ်းကြိုဆိုနေပါတယ်။