မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ဒီနာမည်ကို ဘယ်လို ရလာတာလဲ။

ယေဟောဝါသက်သေတွေက ဒီနာမည်ကို ဘယ်လို ရလာတာလဲ။

 ယေဟောဝါဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။ (ယေရမိ ၃၃:၂) သက်သေတစ်ယောက်ဆိုတာ သူအခိုင်အမာယုံကြည်ထားတဲ့ အရာက မှန်ကန်တယ်လို့ ထုတ်ဖော်ပြောဆိုတဲ့သူကို ဆိုလိုတယ်။

 ဒါကြောင့် ယေဟောဝါသက်သေများဆိုတဲ့ ကျွန်ုပ်တို့ရဲ့နာမည်က အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါဘုရားသခင်နဲ့ဆိုင်တဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုနေတဲ့ ခရစ်ယာန်အုပ်စုဆိုတာကို ဖော်ပြနေခြင်းဖြစ်တယ်။ (ဗျာဒိတ် ၄:၁၁) ကျွန်ုပ်တို့ရဲ့ နေထိုင်မှုဘဝပုံစံအားဖြင့်၊ သိရှိထားတဲ့အရာတွေကို ဝေမျှပေးခြင်းအားဖြင့် တခြားသူတွေကို သက်သေခံနေကြပါတယ်။—ဟေရှာယ ၄၃:၁၀–၁၂၊ ၁ ပေတရု ၂:၁၂