မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အတိတ်မှပုံရိပ်များ | မဟာကုရုမင်းကြီး

မဟာကုရုမင်းကြီး

မဟာကုရုမင်းကြီး

မျက်မှောက်ခေတ်သုံး ပြက္ခဒိန်အရတွက်ရင် ဘီစီ ၅၃၉၊ အောက်တိုဘာ ၅/၆ ညမှာ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ဗာဗုလုန်အင်ပါယာရဲ့ မြို့တော်ကြီးဖြစ်တဲ့ ဗာဗုလုန်မြို့ ကျဆုံးသွားခြင်းဖြစ်တယ်။ မဟာကုရု (Cyrus the Great) လို့လည်း နာမည်ကြီးတဲ့ ပါရှားဘုရင် ကုရုရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာရှိတဲ့ မီးဒီးယား၊ ပါရှားစစ်တပ်ကြောင့် ဗာဗုလုန်မြို့ ကျဆုံးခဲ့တာဖြစ်တယ်။ ကုရုရဲ့ စစ်ဗျူဟာက တကယ့်ကို ပြောင်မြောက်လှတယ်။

ဗာဗုလုန်ကို ကုရုအောင်နိုင်ပုံ

“ဗာဗုလုန်မြို့ကိုသိမ်းပိုက်မယ်လို့ ကုရုကြံစည်ချိန်မှာ အဲဒီမြို့ဟာ အရှေ့အလယ်ပိုင်းဒေသက မြို့အားလုံးထက်၊ ဖြစ်ပုံရတာက ကမ္ဘာပေါ်မှာရှိတဲ့ မြို့အားလုံးထက် ကြီးကျယ်ခမ်းနားတဲ့မြို့ဖြစ်တယ်” လို့ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ (Ancient World Leaders—Cyrus the Great) ဗာဗုလုန်မြို့ဟာ ယူဖရေးတီးစ်မြစ်ကို ခွပြီး တည်ဆောက်ထားတဲ့အတွက် အဲဒီမြစ်က မြို့ပတ်ပတ်လည်မှာရှိတဲ့ ကျုံးကို ရေဖြည့်ပေးပြီး မြို့ရိုးတွေကလည်း ကြီးမားလှတဲ့အတွက် ဗာဗုလုန်မြို့ဟာ သိမ်းပိုက်လို့မရနိုင်ပုံပေါက်နေတယ်။

ဗာဗုလုန်မြို့အထက် မြစ်ညာဘက်မှာ ကုရုရဲ့လူတွေက ယူဖရေးတီးစ်မြစ်ရေကို လမ်းကြောင်းလွှဲလိုက်တဲ့အတွက် ရေမျက်နှာပြင် နိမ့်ကျသွားတယ်။ စစ်သားတွေဟာ ပေါင်လယ်လောက်သာရှိတော့တဲ့ မြစ်ရေကနေ ဖြတ်ကူး၊ ပွင့်နေတဲ့ဂိတ်တံခါးကနေဝင်ပြီး ခုခံမှုမရှိသလောက်ဖြစ်တဲ့ ဗာဗုလုန်မြို့ကို သိမ်းပိုက်ခဲ့ကြတယ်။ ဂရိသမိုင်းပညာရှင် ဟဲရိုဒိုးတပ်စ်နဲ့ ဇီနိုဖုန်းတို့ရဲ့အဆိုအရ တိုက်ခိုက်ခံရတဲ့ညမှာ ဘုရင်အပါအဝင် ဗာဗုလုန်မြို့သားတွေဟာ မြို့အကာအရံတွေကြားမှာ လုံခြုံမှုရှိတယ်လို့ ထင်နေကြပြီး စားသောက်ပွဲကြီး ကျင်းပနေကြတယ်။ ( “နံရံပေါ်မှ လက်ရေးစာ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကုရုရဲ့ အောင်ပွဲဆင်မှုက အံ့သြဖွယ်ကောင်းတဲ့ ကျမ်းစာပရောဖက်ပြုချက် ဒါမှမဟုတ် ကြိုဟောချက်တွေကို ပြည့်စုံစေခဲ့တယ်။

ဗာဗုလုန်ကို ကုရုအောင်နိုင်မယ့်အကြောင်း သမ္မာကျမ်းစာမှာ ကြိုဟောထား

အံ့ဩစရာကောင်းတဲ့ ကြိုဟောချက်များ

ဟေရှာယရဲ့ကြိုဟောချက်တွေက အထူးသဖြင့် အံ့သြဖို့ကောင်းတယ်။ အကြောင်းကတော့ နှစ် ၂၀၀ လောက်၊ ကုရုမမွေးခင် နှစ် ၁၅၀ လောက်ကြိုပြီး ပြောခဲ့လို့ပါပဲ။ အောက်ပါကြိုဟောချက်တွေကို သုံးသပ်ကြည့်ပါ–

အံ့ဖွယ်လွတ်မြောက်မှု

ဘီစီ ၆၀၇ မှာ ဗာဗုလုန်စစ်တပ်က ဂျေရုဆလင်မြို့ကို ဖျက်ဆီးပြီး သုံ့ပန်းအများစုကို ပြည်နှင်ခဲ့တယ်။ ဂျူးတွေ ဘယ်လောက်ကြာကြာ ပြည်နှင်ခံရမလဲ။ ဘုရားသခင် ဒီလိုပြောတယ်– ‘အနှစ်ခုနစ်ဆယ်စေ့သောအခါ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏နိုင်ငံကို ငါသည်ဒဏ်ပေး၍ အစဉ်အမြဲလူဆိတ်ညံရာအရပ်ဖြစ်စေမည်။’—ယေရမိ ၂၅:၁၂

ဖော်ပြခဲ့ပြီးဖြစ်တဲ့အတိုင်း ကုရုဟာ ဗာဗုလုန်ကို ဘီစီ ၅၃၉ ခုနှစ်မှာ သိမ်းပိုက်ခဲ့တယ်။ အဲဒီနောက် မကြာခင် ဂျူးတွေကို လွှတ်ပေးခဲ့ပြီး ပြည်နှင်ခံရတဲ့အချိန်ကနေ အနှစ် ၇၀ အတိအကျဖြစ်တဲ့ ဘီစီ ၅၃၇ မှာ နေရင်းပြည်ကို ဂျူးတွေ ပြန်ရောက်ရှိခဲ့တယ်။ (ဧဇရ ၁:၁-၄) ဗာဗုလုန်ကတော့ နောက်ပိုင်းမှာ “လူဆိတ်ညံရာအရပ်” ဖြစ်သွားပြီး အဲဒါကလည်း ကျမ်းစာကြိုဟောချက် အတိအကျ ပြည့်စုံခြင်းဖြစ်တယ်။

ဒီအချက်ကို ဘာကြောင့် စိတ်ဝင်စားသင့်သလဲ

ဒီအချက်တွေကို သုံးသပ်ကြည့်ပါ– (၁) ဂျူးတွေဟာ အနှစ် ၇၀ ပြည်နှင်ခံရမယ့်အကြောင်း၊ (၂) ဗာဗုလုန်ကို ကုရုအောင်မယ့်အကြောင်းနဲ့ သူသုံးမယ့် စစ်ဗျူဟာ၊ (၃) ဗာဗုလုန်ဟာ လူဆိတ်ညံရာဖြစ်မယ့်အကြောင်းတွေကို သမ္မာကျမ်းစာမှာ ကြိုဟောထားတယ်။ လူသားတွေအနေနဲ့တော့ အဲဒီလိုအချက်တွေကို ကြိုပြီးမသိနိုင်ဘူး။ ကျိုးကြောင်းဆီလျော်မှုရှိတဲ့ ကောက်ချက်ကတော့ ‘ပရောဖက်ပြုချက်မည်သည် လူ့အလိုအားဖြင့် မဟုတ်။ ဘုရားသခင်ထံတော်မှဖြစ်၏။’ (၂ ပေတရု ၁:၂၁) အမှန်ပါပဲ၊ သမ္မာကျမ်းစာဟာ လေ့လာဆန်းစစ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

^ အပိုဒ်၊ 36 အဲဒီစာသားတွေက ငွေအလေးချိန်အတိုင်းအတာတွေ ဖြစ်တယ်။ အသေးစိတ်ရှင်းပြချက်ကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ ဒံယေလ၏ပရောဖက်ပြုချက်ကို ဂရုပြုလော့! စာအုပ် အခန်း ၇ မှာ ကြည့်ပါ။