မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး

ဝင်းလက်တောက်ပတဲ့ အပြာရောင် ပိုလီယာ ဘယ်ရီသီး

ပို​လီ​ယာ ကွ​န်​ဒန်​စေ​တာ ဘယ်​ရီ​ပင်​ရဲ့ ဘယ်ရီသီး​လေး​တွေကို အာဖရိကတိုက်​တစ်ဝန်း​မှာ တွေ့ရတယ်။ တွေ့ဖူး​သမျှ​မှာ အ​ပြာ​ရောင်​အရ​င့်​ဆုံး အသီး​ပဲ။ ဒါပေမဲ့ သူ့မှာ အ​ပြာ ရောင်​ခြယ်​ပစ္စည်း မရှိဘူး။ ဒါဆို ဒီ​အရောင်​ရဲ့ လျှို့ဝှက်ချက်​ဟာ ဘာလဲ။

စဉ်းစားကြည့်ပါ– ဘယ်ရီသီး​အခွံ​ရဲ့ ဆဲလ်​နံရံ​တွေမှာ သေးငယ်တဲ့ အမျှင်​တွေ အတန်း​လိုက်​ရှိပြီး အလွှာ​တွေ ဖြစ်လာတယ်။ အလွှာ​တွေဟာ တစ်ခုနဲ့​တစ်ခု ထောင့်​ချိုး​ကျကျ ထပ်​နေတဲ့​အတွက် ခရုပတ်​ပုံ​အလွှာ​တွေ ဖြစ်ပေါ်လာတယ်။ အမျှင်​တွေဟာ အ​ပြာ​ရောင် မဟုတ်ပါဘူး။ အမျှင်​တွေ ထပ်​နေတဲ့​ပုံ​ကြောင့် အရောင်​ထွက်လာ​ခြင်း​ပါ။ ဒါကြောင့် ဘယ်ရီ​သီး​ရဲ့ ဝင်း​လက်​တောက်ပ​တဲ့ အ​ပြာ​ရောင်​ဟာ ရောင်​ခြယ်​ပစ္စည်း​ကြောင့် မဟုတ်ဘဲ တည်ဆောက်ပုံ​ကြောင့်ပါ။ ဆဲလ်​အများစုဟာ အ​ပြာ​ရောင်​လို့ ထင်​ရတယ်။ ဒါပေမဲ့ အလွှာ​တွေရဲ့ မသိမသာ ပြောင်းလဲမှု​ကြောင့် ရှုထောင့်​အမျိုးမျိုး​က ကြည့်ရင် တချို့ဟာ အစိမ်း​ရောင်၊ ပန်းရောင်၊ အဝါ​ရောင် ထွက်​နေကြတယ်။ အဲဒီအပြင် အနီးကပ်​ကြည့်​တဲ့အခါ အရောင်​တွေဟာ တစ်ညီ​တည်း​မဟုတ်ဘဲ ကွန်ပျူတာ ဖန်သားပြင်​ပေါ်​က အရောင်​တွေလို အစက်အပြောက်​တွေပါ။

ပို​လီ​ယာ​ဘယ်ရီသီး​တွေမှာ ရောင်​ခြယ်​ပစ္စည်း မရှိတဲ့အတွက် ကြွေကျ​ပြီးနောက်​မှာတောင် အရောင်​မပြ​ယ်​ကြဘူး။ တချို့​ဘယ်ရီသီး​တွေ​ဆို နှစ်​တစ်​ရာ​ကျော် ကြာ​တာတောင် လ​တ်​လတ်ဆတ်​ဆ​တ်​အသီး​လို အရောင်​တောက်​နေတုန်းပဲ။ ဒီ​ဘယ်ရီသီး​မှာ စား​လို့ရတဲ့ အသား​မရှိဘဲ အစေ့​တွေ​ချည်း ဖြစ်ပေမဲ့ လေ့လာရေး​သမားတွေရဲ့ အဆို​အရ အနီးအနား​က ငှက်​တွေကို အင်မတန် ဆွဲဆောင်​နိုင်တယ်။

ပို​လီ​ယာ​ဘယ်ရီသီး​ရဲ့ ရောင်​ခြယ်​မဲ့ အရောင်​က တာရှည်ခံ​ဆိုးဆေး​တွေ၊ အတု​လုပ်​လို့​မ​ရတဲ့ စက္ကူ​တွေ တီထွင်​ဖို့ စိတ်ကူးပေါ်​စေတယ်​လို့ သိပ္ပံပညာရှင်တွေ ယူဆကြတယ်။

သင် ဘယ်လို​ထင်​ပါသလဲ။ ပို​လီ​ယာ​ဘယ်ရီသီး​ရဲ့ ဝင်းလက်​တောက်ပ​တဲ့ အ​ပြာ​ရောင်​ဟာ အလိုလို​ဖြစ်လာ​တာလား။ ဒါမှမဟုတ် တစ်စုံ​တစ်ဦး​က ပုံစံပြု​ဖန်ဆင်း​ထားတာ​လား။