မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

ယုံကြည်ခြင်း

ယုံကြည်ခြင်း

လူတချို့ဟာ ဘာသာတရားကိုင်းရှိုင်းပေမဲ့ ယုံကြည်ခြင်းဆိုတာ ဘာလဲ၊ ယုံကြည်ခြင်းရှိဖို့ ဘာကြောင့် အရေးကြီးသလဲဆိုတာတော့ သေချာနားမလည်ကြဘူး။

ယုံကြည်ခြင်းဆိုတာ ဘာလဲ

လူအများပြောဆိုရာ–

ဘာသာရေးအယူဝါဒတစ်ခုကို ယုံကြည်ရင်ပြီးတာပဲ၊ ခိုင်လုံတဲ့အထောက်အထား မလိုဘူးလို့ လူအတော်များများ ထင်ကြတယ်။ ဥပမာ၊ “ဘုရားကို ယုံကြည်ပါတယ်” လို့ပြောတဲ့ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်ကို “ဘာလို့ ယုံကြည်တာလဲ” လို့ သူ့ကိုမေးရင် “ငယ်ငယ်ကတည်းက အဲဒီလို ယုံကြည်လာတာပဲ၊ အဲဒီလိုသင်ပေးခံရလို့လေ” လို့ ပြောကောင်း ပြောလိမ့်မယ်။ တကယ်တော့ ယုံကြည်ခြင်းရှိတာနဲ့ ယုံလွယ်တာက မတူဘူး။

သမ္မာကျမ်းစာပြောဆိုရာ–

“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။” (ဟေဗြဲ ၁၁:၁) လူတစ်ယောက်ဟာ သူ မျှော်လင့်တဲ့အရာကို စိတ်ချစွာစောင့်မျှော်ဖို့ ခိုင်လုံတဲ့အထောက်အထား ရှိဖို့လိုတယ်။ “စိတ်ချစွာစောင့်မျှော်ခြင်း” ရဲ့ မူရင်းစကားလုံးဟာ စိတ်ခံစားချက်နဲ့ ဖြစ်ချင်တဲ့ဆန္ဒရှိရုံလောက်ပဲ မဟုတ်ဘူး။ အထောက်အထားခိုင်လုံလို့ ယုံကြည်စိတ်ချခြင်းဖြစ်တယ်။

“ဖန်ဆင်းထားရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ဘုရားသခင့် အဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ ဂုဏ်ရည်တော်များသည် လောကဖန်ဆင်းချိန်မှစ၍ ထင်ရှားစွာ သိမြင်ရ၏။”ရောမ ၁:၂၀

ယုံကြည်ခြင်းရှိဖို့ ဘာကြောင့်အရေးကြီးသလဲ

သမ္မာကျမ်းစာပြောဆိုရာ–

“ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။”—ဟေဗြဲ ၁၁:၆

အစပိုင်းမှာပြောခဲ့တဲ့အတိုင်း လူအတော်များများဟာ ‘ငယ်ငယ်ကတည်းက သွန်သင်ခံရလို့ ဘုရားကို ယုံကြည်လာတာ’ လို့ ပြောကြမယ်။ ဘုရားသခင်ကတော့ သူ အမှန်တကယ်တည်ရှိတယ်၊ မေတ္တာရှင်ဖြစ်တယ်ဆိုတာ ယုံကြည်စိတ်ချစေချင်တယ်။ ဒါကြောင့် ကိုယ်တော့်အကြောင်း ကောင်းကောင်းသိဖို့ စိတ်ထက်သန်စွာ ရှာဖွေရမယ်လို့ ကျမ်းစာမှာ အလေးပေးဖော်ပြထားတာ။

“ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။”ယာကုပ် ၄:၈

ယုံကြည်ခြင်းရှိဖို့ ဘာလုပ်ရမလဲ

သမ္မာကျမ်းစာပြောဆိုရာ–

‘ကြားနာပြီးမှ ယုံကြည်လာတာ’ လို့ ကျမ်းစာပြောတယ်။ (ရောမ ၁၀:၁၇) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ဖို့ ဦးဆုံးလုပ်ရမှာက ကျမ်းစာထဲက ကိုယ်တော့်အကြောင်း အမှန်တကယ် သွန်သင်ပေးရာတွေကို ‘ကြားနာ’ ရမယ်။ (၂ တိမောသေ ၃:၁၆) ကျမ်းစာလေ့လာတဲ့အခါ ဒီအရေးကြီးမေးခွန်းတွေရဲ့အဖြေကို သင် ရှာတွေ့ပါလိမ့်မယ်– ဘုရားသခင်က ဘယ်သူလဲ။ ဘုရားသခင်ရှိတယ်ဆိုတာ ဘာအထောက်အထား ရှိသလဲ။ ဘုရားသခင်က လူသားတွေကို တကယ်ဂရုစိုက်သလားလူသားတွေအတွက် ဘုရားသခင်မှာ ဘာအစီအစဉ်ရှိသလဲ

ဘုရားသခင်တည်ရှိတယ်ဆိုတဲ့ အထောက်အထားအများကြီး ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရ

သင် ကျမ်းစာလေ့လာချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေက လိုလိုလားလား ကူညီပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက် jw.org မှာ ဖော်ပြထားတဲ့အတိုင်း “ယေဟောဝါသက်သေတွေဟာ လူတွေကို ကျမ်းစာအကြောင်း ပြောပြရတာ နှစ်သက်ကြပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းထဲဝင်ဖို့ ဘယ်သူ့ကိုမှ ဖိအားမပေးပါဘူး။ လူတိုင်းမှာ ကိုယ့်ယုံကြည်ရာကို ရွေးချယ်ပိုင်ခွင့်ရှိတယ်ဆိုတာ အသိအမှတ်ပြုတယ်၊ ဒါကြောင့် ကျမ်းစာပြောဆိုရာကိုပဲ တလေးတစား ပြောပြကြတယ်။”

အဓိက,ကတော့၊ ယုံကြည်ခြင်းဆိုတာ ကျမ်းစာအမှန်တရားကို ဆန်းစစ်ပြီး ခိုင်လုံတဲ့အထောက်အထားကြောင့် ဖြစ်ရမယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သင်ဟာ ပထမရာစုက ကျမ်းစာလေ့လာသူတွေနဲ့ တူပါလိမ့်မယ်။ သူတို့က “သဘောထားကြီးတဲ့အတွက် တရားစကားတော်ကို အားတက်သရော ခံယူတယ်။ ကြားခဲ့တာတွေ မှန်မမှန် သိနိုင်ဖို့ ကျမ်းစာကို နေ့တိုင်း အသေအချာ ဆန်းစစ်ကြတယ်။”—တမန်တော် ၁၇:၁၁

“ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။”ယောဟန် ၁၇:၃