မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ

၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ

၂ | ကိုယ့်ပိုင်ဆိုင်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ

ဘာကြောင့် အရေးကြီး

လူတွေဟာ စားဝတ်နေရေးအတွက် နေ့စဉ် လုံးပန်း​နေ​ရတယ်။ အခုလို ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ အခြေအနေတွေ ပိုဆိုးနေတယ်။ ဘာကြောင့်လဲ။

  • ကုန်စျေးနှုန်း၊ နေထိုင်စရိတ်တွေ တရိပ်ရိပ် ထိုးတက်နေတဲ့ ဒဏ်ကို အများပြည်သူ ခါးစည်းခံနေကြရတယ်။

  • ဘေးဆိုးတွေကြောင့် အလုပ်လက်မဲ့ဦးရေ တိုးများလာတယ်။ လစာတွေ နည်းသွားတယ်။

  • သဘာဝဘေးကြောင့် စီးပွားရေး ထိခိုက်တာ၊ စီးပွားပျက်တာ၊ အိမ်နဲ့ ပိုင်ဆိုင်ရာ ဆုံးရှုံးတာတွေ ကြုံရ​ကြတယ်။ ဆင်းရဲ​မွဲတေ​သူ များလာတယ်။

သိသင့်သိအပ်ရာ

  • ငွေကို ကောင်းကောင်း သုံးစွဲတတ်မယ်ဆိုရင် ဘေးကျပ်နံကျပ်ဖြစ်ချိန်မှာ အသက်ရှူချောင်မယ်။

  • ကိုယ့်ရဲ့ ဝင်ငွေ၊ စုငွေ၊ ပိုင်ဆိုင်ရာတွေဟာ တန်ဖိုး ထိုးကျသွားနိုင်တယ်။

  • ငွေနဲ့ ဝယ်လို့မရတဲ့အရာတွေထဲမှာ ပျော်ရွှင်မှု၊ မိသားစု စည်းလုံးမှုတို့ ပါတယ်။

အခု လုပ်ဆောင်နိုင်ရာ

ကျမ်းစာအဆို။ “စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”—၁ တိမောသေ ၆:၈

ရောင့်ရဲတယ်ဆိုတာ လိုချင်ရာတွေကို ကန့်သတ်ထားတာ၊ နေ့စဉ် လိုအပ်ရာတွေကို ရရုံလေးနဲ့ ကျေနပ်နေတာ ဖြစ်တယ်။ အထူးသဖြင့် လက်ထဲ ငွေသိပ်မကျန်တော့တဲ့ အခါမျိုးမှာ ဖြစ်တယ်။

ရောင့်ရဲတင်းတိမ်နိုင်ဖို့ အသုံးအစွဲ ချွေတာပြီး ဘဝကို ရိုးရိုးရှင်းရှင်း နေတတ်ရမယ်။ တတ်နိုင်တာထက် ပိုသုံးပြီး ဝင်ငွေနဲ့ ထွက်ငွေ မမျှရင် အခက်ကြုံ​ရလိမ့်မယ်။