မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

alfa27/stock.adobe.com

အောက်မေ့ရာကင်ပိန်း

ရာဇဝတ်မှုတွေကို ယေရှု အဆုံးတိုင်စေမယ်

ရာဇဝတ်မှုတွေကို ယေရှု အဆုံးတိုင်စေမယ်

 ယေရှုကိုယ်တိုင် ရာဇဝတ်မှု၊ မတရားမှုတွေ ကြုံခဲ့ရလို့ အဲဒီလိုကြုံရသူတွေကို ကောင်းကောင်းကိုယ်ချင်းစာတယ်။ ယေရှုဟာ မဟုတ်မမှန် စွပ်စွဲခံရတယ်၊ မတရား ဖမ်းဆီးရိုက်နှက်ခံရတယ်၊ အပြစ်ရှိတယ်လို့ မှားယွင်းစွာ စီရင်ခံရပြီး ရက်စက်စွာ အသတ်ခံခဲ့ရတယ်။ မိမိမှာ အပြစ်မရှိပေမဲ့ “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ကိုပေးဖို့” လိုလိုလားလား အနစ်နာခံခဲ့တယ်။ (မဿဲ ၂၀:၂၈။ ယောဟန် ၁၅:၁၃) အခုအချိန်မှာ ယေရှုဟာ ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်ဖြစ်နေပြီ။ မကြာခင် မြေကြီးတစ်ခွင်မှာ ရာဇဝတ်မှုအားလုံးကို အပြီးပိုင်ဖယ်ရှားပေးပြီး တရားမျှတမှု ဆောင်ကြဉ်းပေးပါတော့မယ်။—ဟေရှာယ ၄၂:၃

 အဲဒီအချိန်ကျရင် ကမ္ဘာမြေရဲ့အခြေအနေ အခုလိုပြောင်းလဲသွားမယ်လို့ ကျမ်းစာဆိုတယ်–

  •   “မကြာခင် လူဆိုးတွေ လုံးဝ ရှိတော့မှာ မဟုတ်ဘူး။ သူတို့ရှိတတ်တဲ့နေရာမှာ သွားကြည့်ရင်တောင် ရှိကြတော့မှာ မဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၀၊ ၁၁

 ကျွန်တော်တို့အတွက် ယေရှု လုပ်ဆောင်ပေးခဲ့ရာတွေ၊ လုပ်ဆောင်ပေးမယ့်အရာတွေအတွက် ကျေးဇူးတင်ကြောင်း ဘယ်လိုပြနိုင်သလဲ။ လုကာ ၂၂:၁၉ မှာ ယေရှုက မိမိရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ နောက်လိုက်တွေကို မှာခဲ့တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေက နှစ်စဉ်နှစ်တိုင်း ယေရှုရဲ့သေခြင်းနှစ်ပတ်လည်နေ့မှာ စုဆုံစည်းဝေးကြတာပါ။ ၂၀၂၄ ခုနှစ်၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ယေရှုရဲ့သေခြင်းအောက်မေ့ရာနေ့ကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

အောက်မေ့ရာအစီအစဉ် ကျင်းပမယ့် အချိန်နဲ့နေရာကို ရှာပါ