မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

Left: Yasser Qudaih/Anadolu via Getty Images; right: RONALDO SCHEMIDT/AFP via Getty Images

သတိနဲ့ စောင့်နေကြပါ

တိုက်ပွဲတွေ ဘယ်တော့ အဆုံးတိုင်မလဲ—ကျမ်းစာအဆိုက ဘာလဲ

တိုက်ပွဲတွေ ဘယ်တော့ အဆုံးတိုင်မလဲ—ကျမ်းစာအဆိုက ဘာလဲ

 ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်၊ စနေနေ့မှာ အစ္စရေးကို အီရန် တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က “အခုအချိန်ဟာ အခြေအနေတွေ ပိုမဆိုးသွားအောင် လုပ်ရမယ့်အချိန်၊ လက်တုံ့မပြန်ဘဲ ထိန်းချုပ်ရမယ့်အချိန်ပဲ” လို့ ပြောကြားလိုက်တယ်။

 အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ကမ္ဘာ့ပြဿနာတွေထဲက တစ်ခုပါ။

 “ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြမ်းဖက်ပဋိပက္ခ အများဆုံးအချိန်ဟာ အခုအချိန်ပါပဲ။ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဖြစ်တဲ့ ၂ ဘီလီယံလောက် ထိခိုက်ခံစားနေရတယ်။”—ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်။

 အကြမ်းဖက်ပဋိပက္ခ ဖြစ်နေတဲ့ ဒေသတွေကတော့ အစ္စရေး၊ ဂါဇာ၊ ဆီးရီးယား၊ အဇာဘိုင်ဂျန်၊ ယူကရိန်း၊ ဆူဒန်၊ အီသီယိုးပီးယား၊ နိုင်ဂျာ၊ မြန်မာနဲ့ ဟေတီနိုင်ငံတို့ ပါဝင်တယ်။ a

 တိုက်ပွဲတွေ ဘယ်တော့ ပြီးဆုံးမလဲ။ ကမ္ဘာ့ခေါင်းဆောင်တွေ ငြိမ်းချမ်းရေးရအောင် လုပ်ပေးနိုင်ပါ့မလား။ ကျမ်းစာအဆိုက ဘာလဲ။

စစ်ဘေးသင့်နေတဲ့ ကမ္ဘာမြေ

 ကမ္ဘာတစ်ဝန်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေဟာ စစ်ပွဲအားလုံး အဆုံးတိုင်တော့မယ်ဆိုတဲ့ နိမိတ်ပဲ။ ကျွန်တော်တို့အသက်ရှင်နေတဲ့ “လောကစနစ် နိဂုံးပိုင်း” မှာ စစ်ပွဲတွေဖြစ်မယ်ဆိုပြီး ကျမ်းစာကြိုဟောခဲ့တဲ့အတိုင်း ပြည့်စုံနေတာပါ။—မဿဲ ၂၄:၃

  •    “ရပ်နီးရပ်ဝေးက စစ်မက်သတင်းတွေကို ခင်ဗျားတို့ ကြားရလိမ့်မယ်။ . . . လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။”—မဿဲ ၂၄:၆၊ ၇

 အခုအချိန်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ ကျမ်းစာကြိုဟောချက် ပြည့်စုံမှုဖြစ်ကြောင်း “‘နောက်ဆုံးကာလ၊’ ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်က ဘာလဲ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် စစ်ပွဲ

 တိုက်ပွဲတွေ အဆုံးတိုင်မယ်လို့ ကျမ်းစာကြိုပြောထားတယ်။ ဘယ်လိုနည်းနဲ့ အဆုံးတိုင်မလဲ။ လူတွေရဲ့ ကြိုးပမ်းမှုကြောင့် မဟုတ်ဘဲ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နေ့ကြီးမှာ တိုက်မယ့်စစ်ပွဲ” ဖြစ်တဲ့ အာမဂေဒုန်ကြောင့် အဆုံးတိုင်သွားမှာ။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ဒီစစ်ပွဲအပြီးမှာတော့ ဘုရားသခင်က လူသားတွေအတွက် ထာဝရငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးပါလိမ့်မယ်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉

  စစ်ပွဲအားလုံးကို အဆုံးတိုင်စေမယ့် အာမဂေဒုန်စစ်ပွဲအကြောင်း ပိုသိချင်ရင် “အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

a ACLED Conflict Index, “Ranking violent conflict levels across the world,” January 2024