မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်သင်္ကေတပြစကား JW LIBRARY

Playlists ကို သုံးပါ

Playlists ကို သုံးပါ

အစည်းအဝေးတွေအတွက်၊ ကိုယ်ပိုင်လေ့လာမှုအတွက် ဒါမှမဟုတ် အမှုဆောင်လုပ်ငန်းအတွက် ဗီဒီယိုတွေကို တစ်စုတည်း ထားဖို့ playlist ကို သုံးပါ။

 playlist တစ်ခုထဲ ဗီဒီယိုတွေ ထည့်ပါ

  1. ၁။ ဗီဒီယိုတစ်ခု ဖွင့်ပါ၊ ပြီးတဲ့နောက် playlist ထဲ ထည့်ပါ ကို နှိပ်ပါ။

  2. ၂။ သင် ထည့်ချင်တဲ့ အမှတ်အသားတွေကို ရွေးချယ်ပါ။ အမှတ်အသားတစ်ခုက ကျမ်းပိုဒ်တစ်ပိုဒ်လိုမျိုး ဗီဒီယိုထဲက သတ်သတ်မှတ်မှတ် အပိုင်းတစ်ခုကို ဖော်ပြတယ်။

  3. ၃။ လုပ်ပြီးပြီ ကို နှိပ်ပါ။

  4. ၄။ ရှိပြီးသား playlist တစ်ခု ရွေးပါ။ Create a Playlist ကို နှိပ်ပြီး နာမည်အသစ် ပေးပါ။

သတိပြုပါ– ဗီဒီယို တစ်ခုလုံးကို playlist အဖြစ် လုပ်ချင်ရင် ဗီဒီယိုမှာ တွေ့ရတဲ့ More ခလုတ်ကို နှိပ်ပြီး Add to Playlist ကို နှိပ်ပါ။

 ဗီဒီယို အပိုင်းတစ်ခု ဖြတ်ပါ

playlist မှာ ဗီဒီယိုတစ်ခုရဲ့ အပိုင်းတစ်ပိုင်းကို ရွေးပြီး ဖြတ်နိုင်ပါတယ်။ အဲဒါကို ဖွင့်တဲ့အခါ ကိုယ်ဖြတ်ထားတဲ့ အပိုင်းကိုပဲ ဖွင့်ပေးပါလိမ့်မယ်။

  1. ၁။ playlist ကနေ ဗီဒီယို တစ်ခုကို ဖွင့်ပါ။

  2. ၂။ ဖြတ်ပါ ခလုတ်ကို နှိပ်ပါ။

  3. ၃။ ဗီဒီယိုတစ်ခုကို ဖြတ်ဖို့ ကိုယ်လိုချင်သလောက် ဘယ်ဘက်၊ ညာဘက်ကို ဆွဲပါ။

  4. ၄။ ဖြတ်ထားတဲ့ ဗီဒီယိုကို ဖွင့်ပါ ခလုတ်နှိပ်ပြီး စစ်နိုင်တယ်။

  5. ၅။ သင် ပြင်ဆင်ထားတာကို သိမ်းဖို့ လုပ်ပြီးပြီ ခလုတ်ကို နှိပ်ပါ။

သတိပြုပါ– ဖြတ်ထားတဲ့ ဗီဒီယိုတွေကို အဝါရောင် ဘားတန်းနဲ့ ဖော်ပြထားပါတယ်။

 playlist တစ်ခု စိတ်ကြိုက် ဖန်တီးပါ

နာမည်ပြောင်းခြင်း

playlist တစ်ခုကို နာမည်ပြောင်းဖို့ နာမည်ပြောင်းပါ ကို နှိပ်ပါ။

Playlist တစ်ခုထဲက ဗီဒီယိုတစ်ခုကို နာမည်ပြောင်းဖို့ ဗီဒီယိုပေါ်က နောက်ထပ် ခလုတ်ကို နှိပ်၊ နာမည်ပြောင်းပါ ကို နှိပ်ပြီး နာမည်ပြောင်းနိုင်တယ်။ ရွေးချယ်ထားတဲ့ playlist ထဲက ဗီဒီယိုကိုပဲ နာမည်ပြောင်းနိုင်တယ်ဆိုတာ သတိပြုပါ။

ကူးယူခြင်း

playlist တစ်ခုထဲက တစ်ခုခုကို ပွတ်ဆွဲပြီး နေရာအသစ် တစ်ခုထဲ ရွေ့ပါ။

အုပ်စု ခွဲခြင်း

ဗီဒီယိုတစ်ခုမှာ ကိုယ် မှတ်သားထားတဲ့ အချက်တွေ (ဥပမာ၊ ကျမ်းစာ အခန်းကြီး တစ်ခုထဲက အစဉ်လိုက် အခန်းငယ်များ) ကို အစဉ်လိုက် ထည့်ထားမယ်ဆိုရင် playlist ထဲမှာ အကြောင်းအရာ တစ်ခုအဖြစ် အစုလိုက် တည်ရှိနေမှာ ဖြစ်တယ်။ playlist မှာ သီးခြား အကြောင်းအရာအဖြစ် ခွဲချင်တယ်ဆိုရင် နောက်ထပ် ခလုတ်ကို နှိပ်ပြီး အုပ်စုခွဲပါ ကို ရွေးပါ။

ရွေးချယ်နိုင်တဲ့ ရပ်တန့်နည်းများ

playlist တစ်ခုထဲက ဗီဒီယိုတွေကို ဘယ်လို ပုံစံနဲ့ ရပ်ချင်တယ်ဆိုတာကို ရွေးနိုင်ပါတယ်။ playlist ရဲ့ အပိုင်းတစ်ခုအနေနဲ့ ဗီဒီယိုတစ်ခု ဖွင့်ပြီးသွားတဲ့အခါ ဘာဆက်လိုက်လာမယ်ဆိုတာကို ရပ်တန့်နည်းနဲ့ ရွေးချယ်ထားနိုင်တယ်။

  • ဆက်သွားပါ– နောက်ဗီဒီယိုကို ဆက်ဖွင့်ပါမယ်။

  • ရပ်ပါ– playlist ဆီ ပြန်သွားပါမယ်။

  • ခေတ္တ ရပ်ပါ– ကိုယ် ဖြတ်ထားတဲ့ ဗီဒီယိုနဲ့ အဆုံးမှာ ရပ်နေပါမယ်။

  • ဆက်သွားပါ– အဲဒီ ဗီဒီယိုကိုပဲ ထပ်ဖွင့်ပါလိမ့်မယ်။