မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY SIGN LANGUAGE

JW Library Sign Language ထည့်သွင်းနိုင်ပုံ—Windows ရဲ့ App Store ကိုသုံးလို့မရရင်

JW Library Sign Language ထည့်သွင်းနိုင်ပုံ—Windows ရဲ့ App Store ကိုသုံးလို့မရရင်

Microsoft Store ကနေ သင့် Window စက်ထဲ JW Library Sign Language ထည့်လို့မရရင် JW Library Sign Language Windows installer files ကိုသုံးပြီး ကိုယ်တိုင် ထည့်သွင်းနိုင်တယ်။

တခြားနေရာက apps ကို ထည့်သွင်းဖို့ သင့်ရဲ့ကွန်ပျူတာထဲက settings ကို ပြောင်းဖို့ လိုအပ်ပါလိမ့်မယ်။ Settings ထဲဝင်ပြီး for developers ဆက်တင်ကို သွားပါ။ ပြီးနောက်၊ “Install apps from any source or other sources” ကို turn on လုပ်ပါ။ သတိပြုပါ၊ သင့်ကွန်ပျူတာရဲ့ Windows ဗားရှင်းပေါ်မူတည်ပြီး “Developer Mode” ဒါမှမဟုတ် “Sideload apps” ဆိုပြီး တွေ့ရပါလိမ့်မယ်။

JW Library Sign Language Windows installer files ကို ကူးယူပါ၊ ထည့်သွင်းပါ။

  1. ၁။ installer files ကို ကိုယ့်ရဲ့ drive ထဲမှာသိမ်းဖို့ Download ကိုနှိပ်ပါ။

  2. ၂။ zip file ပေါ် right-click နှိပ်ပြီး unzip လုပ်ပါ။

  3. ၃။ ဖိုင်ကို ဖွင့်ပါ၊ Install.ps1 ဖိုင်ပေါ် right-click နှိပ်ပါ။ ပြီးနောက် Run with PowerShell ကို ရွေးပါ။

  4. ၄။ လိုအပ်မယ်ဆိုရင် signing certificate ကို ထည့်သွင်းထားကြောင်း အတည်ပြုပါ။

  5. ၅။ ထည့်သွင်းပြီးသွားရင် အတည်ပြုတဲ့စာ ပေါ်လာမယ်။

ဗားရှင်းအသစ် တင်မတင် မကြာမကြာ စစ်ဆေးပါ။

  1. ၁။ လက်ရှိ ထည့်သွင်းထားတဲ့ ဗားရှင်းနံပါတ်ကို ကြည့်ဖို့ JW Library Sign Language ရဲ့ Settings ကိုသွားပါ။

  2. ၂။ Settings မှာပြထားတဲ့ ဗားရှင်းနံပါတ်က အောက်မှာဖော်ပြထားတာထက် နိမ့်နေရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ အဆင့်တွေအတိုင်း လုပ်ပြီး ပြန်ကူးယူ ထည့်သွင်းပါ။

ဗားရှင်း: 5.1.21 (384128)