မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်သင်္ကေတပြစကား JW LIBRARY

သင့်ရဲ့ စက်ထဲမှာ နေရာလွတ်တွေ ရှိအောင် လုပ်ဆောင်နည်း

သင့်ရဲ့ စက်ထဲမှာ နေရာလွတ်တွေ ရှိအောင် လုပ်ဆောင်နည်း

သိုလှောင်ခန်း နေရာ အကန့်အသတ်သာ ရှိတဲ့ စက်မှာ နေရာလွတ်တွေ ရှိနေစေဖို့ app မှာ ပါတဲ့ ဒီအသွင်အပြင်ကို အသုံးပြုပါ။

 ဗီဒီယို ရုပ်ထွက် အရည်အသွေးကို ရွေးပါ

ဗီဒီယိုတစ်ခုကို မကူးယူခင် ရုပ်ထွက် အရည်အသွေးကို အရင် ရွေးချယ်ပါ။ ရုပ်ထွက် အရည်အသွေး အနည်းဆုံး နံပါတ်ကို ရွေးရင် သင်ရဲ့ စက် နေရာလွတ် ပိုကျန်မယ်။ ရုပ်ထွက် အရည်အသွေး အများဆုံးနဲ့ ဗီဒီယို တစ်ခုကို ကူးယူပြီးသား ဖြစ်မယ်ဆိုရင် အဲဒီဗီဒီယိုကို ဖျက်ပြီး ရုပ်ထွက် အရည်အသွေး နည်းတာနဲ့ ပြန်ကူးယူနိုင်ပါတယ်။

အကြံပြုချက်– မျက်နှာပြင်သေးတဲ့ ဖုန်းတွေဆိုရင် ရုပ်ထွက် အရည်အသွေး 360p နဲ့တောင် အတော် ကြည့်ကောင်းနေပါပြီ။ ကွန်ပြူတာ ဒါမှမဟုတ် တီဗီအတွက်ဆိုရင်တော့ ရုပ်ထွက် အရည်အသွေး 720p နဲ့မှ ကြည့်လို့ ကောင်းမှာ ဖြစ်တယ်။

 ဗီဒီယိုကို တိုက်ရိုက်ကြည့်ပါ

သင့်ရဲ့ စက်က နေရာလွတ် အကန့်အသတ်သာ ရှိတယ်ဆိုရင် ဗီဒီယိုတွေကို ကူးယူမယ့်အစား တိုက်ရိုက်ကြည့်ပါ။ ဗီဒီယို ကြည့်မယ်ဆိုရင်တော့ အင်တာနက် ချိတ်ဆက်ထားဖို့ လိုပါလိမ့်မယ်။

  • ဗီဒီယိုကို တိုက်ရိုက်ကြည့်ဖို့ မျက်နှာပြင်ကို နှိပ်ပါ။

  • ဗီဒီယိုကို နောက်ပိုင်း အင်တာနက် မမိတဲ့ နေရာမှာ ကြည့်ရမယ်ဆိုရင် ကူးယူ ခလုတ်ကို နှိပ်ပါ။ သမ္မာကျမ်းစာမှာ ဖြစ်နေမယ်ဆိုရင် ဗီဒီယို ရုပ်ထွက် အရည်အသွေး စာရင်းကို ကြည့်ဖို့ အခန်းကြီးပေါ်မှာ တစ်ခဏ နှိပ်ထားပါ (ဒါမှမဟုတ် right-click နှိပ်ပါ)။

 ကူးထားတဲ့ ဗီဒီယိုတွေကို ဖျက်ပါ

အချိန် အတော်ကြာသွားတဲ့အခါ ပုံမှန် မကြည့်ဖြစ်တဲ့ ဗီဒီယိုတွေ သင့်စက်ထဲမှာ ရှိနေနိုင်ပါတယ်။ မလိုအပ်တော့တဲ့ ဗီဒီယိုတွေကို ရှာပြီး ဖျက်ဖို့ အောက်ပါ အဆင့်အတိုင်း လုပ်ဆောင်ပါ။

  1. ၁။ စာစောင်များ ဒါမှမဟုတ် မီဒီယာ ကို သွားပါ။ ပြီးတဲ့နောက် ကူးယူထားရာများ ကို နှိပ်ပါ။

  2. ၂။ အမျိုးအစား ခလုတ်ကို နှိပ်ပြီး တစ်ခု ရွေးချယ်ပါ။ အရွယ်အစား အကြီးဆုံး ကို ရွေးရင် စာမျက်နှာ ထိပ်ဆုံးမှာ နေရာအစားဆုံး ဗီဒီယိုတွေကို ပြပါလိမ့်မယ်။ သိပ်မသုံးတဲ့ အရာများ ကို ရွေးရင် သိပ်မကြည့်ဖြစ်တဲ့ ဗီဒီယိုတွေ စာမျက်နှာ ထိပ်ဆုံးမှာ ပေါ်လာပါလိမ့်မယ်။

  3. ၃။ ဗီဒီယို တစ်ခုကို ဖျက်ဖို့ အစက်သုံးစက် More ခလုတ်ကို နှိပ်ပြီး ဖျက်ပါ ကို နှိပ်ပါ။

 ကူးထားတဲ့ ဗီဒီယိုတွေကို နေရာပြောင်းထားပါ

ကူးယူထားတဲ့ ဗီဒီယိုတွေကို SD card ထဲမှာ ဒါမှမဟုတ် တခြား hard drive ထဲမှာ သိမ်းမယ်ဆိုရင် ကိုယ့်စက်ထဲက သိုလှောင်ခန်းမှာ နေရာလွတ်တွေ ရှိနေပါလိမ့်မယ်။

  1. ၁။ ဆက်တင်များ ခလုတ်ကို နှိပ်ပါ။

  2. ၂။ ကူးယူထားတဲ့ ဗီဒီယိုတွေ ထည့်မယ့်နေရာ ကို နှိပ်ပါ။

  3. ၃။ သင် သိမ်းဆည်းလိုတဲ့ နေရာကို ရွေးပါ။

အခုကစပြီး ကူးယူလိုက်တဲ့ ဘယ်ဗီဒီယိုမဆိုကို နေရာအသစ်မှာ သိမ်းဆည်းပေးပါလိမ့်မယ်။ ကူးယူထားပြီးသား ဗီဒီယိုတွေကိုတော့ ရွှေ့လို့ မရပါဘူး။

Windows စက်တွေမှာတော့ စက်အတွင်း hard drives တွေမှာ ရွေးချယ်စရာ စာရင်း ပါမှာ မဟုတ်ပါ။ သင် ကူးထည့်လိုတဲ့ နေရာစာရင်း မပါဘူးဆိုရင် အောက်ပါ အဆင့်တွေ လုပ်ဆောင်နိုင်ပါတယ်။

  1. ၁။ File Explorer ကို ဖွင့်ပြီး View ခလုတ်ကို ရွေးပါ။

  2. ၂။ Navigation Pane ကို နှိပ်ပါ။ Show Libraries မှာ အမှတ်အသား လုပ်ပါ။

  3. ၃။ folder စာရင်းတွေထဲက Libraries ကို ဖွင့်ပါ။ Videos ကို right-click နှိပ်ပြီး Properties ကို နှိပ်ပါ။

  4. ၄။ Library Locations စာရင်းမှာ ကိုယ်ကူးထည့်ချင်တဲ့ နေရာကို ရွေးပါ။