မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက လူ့ဉာဏ်ပညာနဲ့ ရေးထားတဲ့ စာအုပ်လား

သမ္မာကျမ်းစာက လူ့ဉာဏ်ပညာနဲ့ ရေးထားတဲ့ စာအုပ်လား

သမ္မာကျမ်းစာဖြေဆိုရာ

 သမ္မာကျမ်းစာမှာ ဉာဏ်ပညာရှိစကားတွေ အများကြီး ပါတယ်။ “ကျမ်းဂန်ရှိသမျှသည် ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထား” တယ်ဆိုပြီး ကျမ်းစာကိုယ်နှိုက်က ဖော်ပြတယ်။ (၂ တိမောသေ ၃:၁၆) ဒီအဆိုကို ထောက်ခံတဲ့ သက်သေ အများကြီး ရှိပါတယ်။ အောက်ပါတို့ကို စဉ်းစားကြည့်ပါ–

  •   သမ္မာကျမ်းစာက သမိုင်းဆိုင်ရာ တိကျမှန်ကန်မှု ရှိတယ်၊ ဒီအချက် မှားကြောင်း ဘယ်သူကမှ ခိုင်ခိုင်မာမာ သက်သေမပြနိုင်ဘူး။

  •   သမ္မာကျမ်းစာကို ရေးသားသူတွေက ပွင့်ပွင့်လင်းလင်း ရေးသားကြတဲ့ ရိုးသားသူတွေ ဖြစ်တယ်။ သူတို့ရဲ့ ရိုးသားပွင့်လင်းမှုက အမှန်တရားကို ရှင်းရှင်းလင်းလင်း သိမြင်စေတယ်။

  •   သမ္မာကျမ်းစာရဲ့ အဓိက အကြောင်းအရာက– ဘုရားသခင့် ကောင်းကင်နိုင်ငံတော်အားဖြင့် လူသားတွေအပေါ် ကိုယ်တော့် အုပ်ချုပ်ပိုင်ခွင့်ကို သံသယ ကင်းရှင်းစေပြီး ကိုယ်တော့်အလိုတော် ပြည့်စုံလာစေဖို့ ဖြစ်တယ်။

  •   သမ္မာကျမ်းစာကို ရေးသားခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီ ကြာခဲ့ပြီ ဖြစ်ပေမဲ့ အဲဒီအချိန်တုန်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ သိပ္ပံဆိုင်ရာ အချက်အလက်အမှားတွေ သမ္မာကျမ်းစာမှာ မတွေ့ရဘူး။

  •   မှတ်တမ်းတင်ထားတဲ့ သမိုင်းအထောက်အထားတွေက သမ္မာကျမ်းစာရဲ့ ပရောဖက်ပြုချက်တွေ ဒါမှမဟုတ် ကြိုဟောချက်တွေ ပြည့်စုံခဲ့ကြောင်း သက်သေထူတယ်။