မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာမှာ လိင်တူဆက်ဆံခြင်းအကြောင်း ဘာပြောထားသလဲ

သမ္မာကျမ်းစာမှာ လိင်တူဆက်ဆံခြင်းအကြောင်း ဘာပြောထားသလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

 ဘုရားသခင်က လူသားတွေကို ဖန်ဆင်းပြီး လက်ထပ်ထားတဲ့ ယောက်ျားနဲ့ မိန်းမကိုပဲ လိင်မှုပြုဖို့ ခွင့်ပြုထားတယ်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ဝတ်ပြုရာ ၁၈:၂၂; သုတ္တံ ၅:၁၈၊ ၁၉) ကိုယ့်အိမ်ထောင်ဖက်နဲ့မဟုတ်ဘဲ လိင်တူချင်းနဲ့ဖြစ်စေ၊ လိင်ခြားသူနဲ့ဖြစ်စေ လိင်မှုပြုတာကို သမ္မာကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားပါတယ်။ (၁ ကောရိန္သု ၆:၁၈) လိင်မှုပြုတဲ့အထဲမှာ ဖိုမဆက်ဆံတာ၊ သူတစ်ပါးရဲ့ လိင်အင်္ဂါကို ပွတ်သပ်တာ၊ ပါးစပ်နဲ့ ဒါမှမဟုတ် စအိုဝနဲ့ လိင်ဆက်ဆံတာတွေလည်း ပါတယ်။

 သမ္မာကျမ်းစာမှာ လိင်တူဆက်ဆံတာကို ရှုတ်ချထားပေမဲ့ လိင်တူချစ်သူတွေကိုတော့ မုန်းတီးဖို့ အားမပေးထားပါဘူး။ အဲဒီအစား၊ “လူတိုင်းကို လေးစားကြပါ” လို့ ခရစ်ယာန်တွေကို မိန့်မှာထားတယ်။​—၁ ပေတရု ၂:၁၇နားလည်လွယ်သော ခေတ်သုံးမြန်မာကျမ်း။

 လူတစ်ဦးက လိင်တူဆက်ဆံချင်တဲ့ဆန္ဒနဲ့ မွေးဖွားလာနိုင်သလား။

အဲဒီအကြောင်းကို သမ္မာကျမ်းစာမှာ တိုက်ရိုက် မပြောထားပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင့်ပညတ်တွေကို ချိုးဖောက်ချင်တဲ့ ဉာဉ်ဆိုးနဲ့ မွေးဖွားလာတယ်ဆိုတာကို ဖော်ပြထားတယ်။ (ရောမ ၇:၂၁–၂၅) ကျမ်းစာမှာ လိင်တူဆက်ဆံချင်တဲ့ဆန္ဒ ဖြစ်ရတဲ့အကြောင်းရင်းကို တိုက်ရိုက်မဖော်ပြပေမဲ့ လိင်တူဆက်ဆံမှုအမျိုးမျိုးကိုတော့ တားမြစ်ထားတယ်။

 လိင်တူဆက်ဆံချင်တဲ့ အာသီသပြင်းပြနေတဲ့ကြားက ဘုရားသခင်ရဲ့ စိတ်တော်နဲ့အညီ နေထိုင်နိုင်ပုံ။

ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “သင့်ကိုယ်ခန္ဓာရဲ့ စေလိုရာအတိုင်း မလုပ်နဲ့။ ဆိုးညစ်တဲ့ လိင်အလိုဆန္ဒအားလုံးကို သေစေပါ။” (ကောလောသဲ ၃:၅Contemporary English Version) ဆိုးညစ်တဲ့ စိတ်ဆန္ဒတွေက မှားယွင်းတဲ့အပြုအမူတွေကို လုပ်မိစေနိုင်တဲ့အတွက် အဲဒီစိတ်ဆန္ဒတွေကို ဖယ်ရှားပစ်ဖို့ သင့်ရဲ့စဉ်းစားတွေးခေါ်မှုတွေကို ထိန်းချုပ်ရမှာဖြစ်တယ်။ ကောင်းတဲ့အရာတွေကိုပဲ အမြဲတမ်း စဉ်းစားနေမယ်ဆိုရင် ဆိုးညစ်တဲ့စိတ်ဆန္ဒတွေကို အလွယ်တကူ ဖျောက်ပစ်နိုင်ပါလိမ့်မယ်။ (ဖိလိပ္ပိ ၄:၈; ယာကုပ် ၁:၁၄၊ ၁၅) အစပိုင်းမှာတော့ အဲဒီလိုလုပ်ဖို့ အရမ်းခက်ပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လွယ်ကူလာပါလိမ့်မယ်။ ဘုရားသခင်ကလည်း “သင်တို့၏ စိတ်သဘောကို အသစ်ပြုပြင်” ဖို့ ကူညီပေးမယ်လို့ ကတိပြုထားပါတယ်။​—ဧဖက် ၄:၂၂–၂၄

 ကျမ်းစာစံနှုန်းတွေနဲ့အညီ အသက်ရှင်ချင်တဲ့ သန်းနဲ့ချီတဲ့သူတွေဟာ လိင်ခြားသူနဲ့ဆက်ဆံချင်တဲ့ဆန္ဒကို ဖျောက်ပစ်ဖို့ ကြိုးစားအားထုတ်နေကြပါတယ်။ ဥပမာ၊ အိမ်ထောင်ပြုဖို့ အလားအလာမရှိတော့တဲ့ တစ်ကိုယ်ရေသမားတွေ ဒါမှမဟုတ် ဖိုမဆက်ဆံမှုမပြုနိုင်တဲ့ ကျန်းမာရေးမကောင်းတဲ့ အိမ်ထောင်ဖက်ရှိသူတွေဟာ လိင်ဆက်ဆံဖို့ ဆွဲဆောင်မှုအမျိုးမျိုး ခံနေရတဲ့ကြားက လိင်စိတ်ပြင်းပြမှုကို ချုပ်တည်းထားကြတယ်။ ဒါပေမဲ့ သူတို့ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါတယ်။ အဲဒီလိုပဲ လိင်တူဆက်ဆံချင်စိတ် ပြင်းပြသူတွေလည်း ဘုရားသခင် စိတ်တော်နဲ့အညီ နေထိုင်ချင်တယ်ဆိုရင် ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါတယ်။​—တရားဟောရာ ၃၀:၁၉