မာတိကာဆီ ကျော်သွား

ဆင်းရဲဒုက္ခအားလုံးက မာရ်နတ်ကြောင့်လား။

ဆင်းရဲဒုက္ခအားလုံးက မာရ်နတ်ကြောင့်လား။

သမ္မာကျမ်းစာဖြေဆိုရာ

 စာတန်မာရ်နတ်ဆိုတာက တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်၊ တန်ခိုးသြဇာကြီးမားတဲ့ ဒုစရိုက်ခေါင်းဆောင်တစ်ယောက်နဲ့တူတယ်၊ “မုသာနဲ့ဆိုင်သော . . . လက္ခဏာ၊” “လှည့်စားမှု” တွေကိုသုံးပြီး သူ့အလိုပြည့်အောင် လုပ်တတ်တယ်လို့ ကျမ်းစာကဖော်ပြတယ်။ သူက “အလင်း၏ကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်” တယ်လို့လည်း ဖော်ပြထားသေးတယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀၊ ၂ ကောရိန္သု ၁၁:၁၄) မာရ်နတ်ရှိတယ်ဆိုတာကို သူ့ကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကိုကြည့်ရင် သိနိုင်တယ်။

 ဒါပေမဲ့ ဆင်းရဲဒုက္ခအားလုံးက မာရ်နတ်ကြောင့်ပဲမဟုတ်ဘူး။ ဘုရားသခင်က လူသားတွေကို အကောင်းနဲ့အဆိုးကို ရွေးချယ်လုပ်ဆောင်နိုင်စွမ်း ပေးထားတယ်။ (ယောရှု ၂၄:၁၅) ကျွန်ုပ်တို့က အဆိုးကို ရွေးချယ်ခဲ့မယ်ဆိုရင် ဆိုးတဲ့ရလဒ်တွေကို ရိတ်သိမ်းရမယ်။—ဂလာတိ ၆:၇၊ ၈