မာတိကာဆီ ကျော်သွား

အပေါ်ဘယ်– ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ ပျော်ရွှင်စွာ သီဆိုချီးမွမ်းနေ။ အောက်ဘယ်– ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ ကျမ်းချက်တွေကို ပြသနေ။ ညာ– ညီအစ်ကို ဒင်းဂျေစက် ကျမ်းစောင် ထုတ်ဝေနေစဉ်

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက်
ဖိလစ်ပိုင်

ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်းထုတ်ဝေ

ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ မဿဲကျမ်းထုတ်ဝေ

ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ ကျမ်းစောင်ထုတ်ဝေတဲ့အခါ တက်ရောက်သူတွေ လက်ခုပ်တီးနေ

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက်၊ ကွီဇုန်မြို့၊ ဖိလစ်ပိုင်ဌာနခွဲမှာ ကျင်းပတဲ့ အထူးအစီအစဉ်အတွင်း ဖိလစ်ပိုင်ဌာနခွဲကော်မတီဝင် ညီအစ်ကို ဒင်းဂျေစက်က မဿဲကျမ်းကို ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေခဲ့တယ်။ အစီအစဉ်ကို လူကိုယ်တိုင်တက်ရောက်သူ ၄၁၃ ယောက်ရှိပြီး နိုင်ငံတစ်ဝန်း ဗီဒီယိုနဲ့ချိတ်ဆက်တက်ရောက်သူ ၃,၉၉၈ ယောက်ရှိတယ်။ ကျမ်းစာထုတ်ဝေမှုအပြီးမှာ jw.org နဲ့ JW Library Sign Language အက်ပ်ကနေ ချက်ချင်းကူးယူနိုင်ခဲ့တယ်။

ဖိလစ်ပိုင်လက်သင်္ကေတပြစကား အသုံးပြုသူ အနည်းဆုံး ၅၀၀,၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းရရှိတယ်။ ၁၉၉၉ ခုနှစ်က ကွီဇုန်မြို့မှာ ဖိလစ်ပိုင်လက်သင်္ကေတပြစကား အသင်းတော်ကို ဦးဆုံးဖွင့်လှစ်ခဲ့ပြီး ကျမ်းစာအခြေပြုစာပေတွေကို ၂၀၁၁ ခုနှစ်ကစပြီး ဘာသာပြန်တယ်။ အခုအချိန်မှာတော့ နိုင်ငံတစ်ဝန်း အသင်းတော် ၇၂ ခုမှာ ညီအစ်ကို/မ ၃,၀၀၀ ကျော် အမှုဆောင်နေပါတယ်။

ဒီမဿဲကျမ်းဟာ ဖိလစ်ပိုင်လက်သင်္ကေတပြစကားနဲ့ ဦးဆုံးထုတ်ဝေတဲ့ ကျမ်းစောင်ပါ။ နားမကြားညီအစ်ကိုတစ်ယောက် အခုလိုဆိုတယ်– “အရင်ကဆိုရင် မဿဲကျမ်းထဲက ကျမ်းချက်တချို့လောက်ပဲရှိတော့ ရုပ်ဆက်ကားချပ်ရဲ့အပိုင်းတချို့လောက်ကိုပဲ မြင်ရသလိုဖြစ်နေတယ်။ အခုတော့ ပန်းချီကားချပ်တစ်ခုလုံးကို မြင်နိုင်ပြီ။” ဖိလစ်ပိုင်လက်သင်္ကေတပြစကားပြော အသင်းတော်မှာ အမှုဆောင်နေတဲ့ အကြီးအကဲတစ်ယောက် အခုလိုပြောတယ်– “ညီအစ်ကို/မတွေကို သိုးထိန်းလည်ပတ်မှုလုပ်တဲ့အခါ၊ အားပေးတဲ့အခါ တော်တော်အသုံးတည့်တဲ့ ကျမ်းစာမူတွေ မဿဲကျမ်းထဲမှာ အများကြီးပဲ။ ဥပမာ၊ အချင်းချင်း မသင့်မမြတ်ဖြစ်တဲ့အခါ ပြေလည်အောင်လုပ်ဖို့ မဿဲ ၅:၂၃၊ ၂၄ မှာ တိုက်တွန်းထားတယ်။ ဒီအရေးကြီးသင်ခန်းစာတွေကို ကိုယ့်ဘာသာစကားနဲ့ ရအောင်လုပ်ပေးလို့ ယေဟောဝါကို ကျေးဇူးတင်တယ်။”

စိတ်ရိုးဖြောင့်သူတွေကို အကျိုးရရှိစေမယ့် ဒီမဿဲကျမ်းစောင် ထုတ်ဝေမှုအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။—မဿဲ ၇:၂၄၊ ၂၅