မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေက ယုံကြည်ချက်တချို့ကို ဘာကြောင့် ပြောင်းလဲရတာလဲ

ယေဟောဝါသက်သေတွေက ယုံကြည်ချက်တချို့ကို ဘာကြောင့် ပြောင်းလဲရတာလဲ

 ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တွေအတွက် အဓိကအခြေခံအဖြစ် သမ္မာကျမ်းစာကို အမြဲအသုံးပြုပါတယ်။ ဒါကြောင့် ကျမ်းစာကို ရှင်းရှင်းလင်းလင်း ပိုနားလည်လာတဲ့အခါ လက်ခံယုံကြည်ထားရာတွေကိုလည်း ပြုပြင်ပြောင်းလဲပါတယ်။ a

 အဲဒီလိုပြုပြင်ပြောင်းလဲတာဟာ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအာရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏” ဆိုတဲ့ သုတ္တံ ၄:၁၈ ပါ ကျမ်းစကားနဲ့ ကိုက်ညီပါတယ်။ နေမြင့်လာတာနဲ့အမျှ မြင်ကွင်းတွေ ပိုပြီး ကြည်လင်ပြတ်သားလာသလို ဘုရားသခင်ကလည်း မိမိသတ်မှတ်ထားချိန်မှာ ကျမ်းစာအမှန်တရားကို ပိုပြီး နားလည်သဘောပေါက်စေတယ်။ (၁ ပေတရု ၁:​၁၀-​၁၂) ကျမ်းစာမှာ ကြိုဟောထားတဲ့အတိုင်း “အမှုကုန်ရသည်ကာလ” အတွင်းမှာ နားလည်မှု ပိုတိုးများလာအောင် ဘုရားသခင် လုပ်ဆောင်နေပါတယ်။​—ဒံယေလ ၁၂:၄

 ကျမ်းစာနားလည်မှုကို ပြုပြင်ပြောင်းလဲလိုက်တာဟာ အံ့ဩစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်ပါဘူး။ ရှေးအချိန်တုန်းက ဘုရားကိုဝတ်ပြုကိုးကွယ်သူတွေဟာ မှားယွင်းစွာ ယူဆမိတာ၊ မျှော်လင့်မိတာတွေရှိခဲ့ပြီး သူတို့ရဲ့အမြင်ကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေ ရှိခဲ့တယ်။

  •  ၁။ မောရှေဆိုရင် ဘုရားသခင်ရဲ့ သတ်မှတ်ချိန်ထက် နှစ်ပေါင်း ၄၀ စောပြီး အစ္စရေးတွေကို ကယ်တင်မယ့်သူအဖြစ် သူ့ကိုယ်သူ ယူဆခဲ့တယ်။​—တမန်တော် ၇:​၂၃-​၂၅၊ ၃၀၊ ၃၅

  •  ၂။ တမန်တော်တွေဟာ မေရှိယရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကြိုဟောချက်တွေကို နားမလည်ခဲ့ကြဘူး။​—ဟေရှာယ ၅၃:​၈-​၁၂; မဿဲ ၁၆:၂၁-​၂၃

  •  ၃။ အစောပိုင်း ခရစ်ယာန်တချို့လည်း “ယေဟောဝါဘုရားရဲ့နေ့ရက်” ရောက်လာမယ့်အချိန်နဲ့ ပတ်သက်ပြီး လွဲမှားစွာ ယူဆခဲ့ကြတယ်။​—၂ သက်သာလောနိတ် ၂:​၁၊ ၂

 နောက်ပိုင်းမှာ ဘုရားသခင်က သူတို့ရဲ့ နားလည်မှု လွဲမှားတာကို ပြုပြင်ပေးခဲ့တယ်။ ကျွန်တော်တို့ကိုလည်း အလားတူ အမြဲပြုပြင်ပေးပါလို့ ဆုတောင်းကြတယ်။​—ယာကုပ် ၁:၅

a ကျမ်းစာနားလည်မှု ပြောင်းလဲတာတွေကို ဖုံးကွယ်ဖို့ ကျွန်တော်တို့ မကြိုးစားပါဘူး။ အဲဒီအစား ပြုပြင်ပြောင်းလဲမှုတွေအကြောင်း မှတ်တမ်းတင် ထုတ်ဝေပေးပါတယ်။ ဥပမာ၊ ပိုရှင်းလင်းလာတဲ့ ယုံကြည်ချက်တွေ အကြောင်းကို အွန်လိုင်းစာကြည့်တိုက်မှာ ရှာဖွေလေ့လာနိုင်ပါတယ်။