မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါက သူ့အလိုလိုဖြစ်လာနိုင်ပါ့မလား

ပိုးစုန်းကြူးလေးရဲ့ အလင်းအိမ်

ပိုးစုန်းကြူးလေးရဲ့ အလင်းအိမ်

ပိုးစုန်းကြူးရဲ့ အလင်းထွက်တဲ့နေရာကို လွှသွားပုံအကြေးခွံနဲ့ ဖုံးအုပ်ထားတာ ဖြစ်တဲ့အတွက် ပိုးစုန်းကြူးလေးထုတ်လိုက်တဲ့ အလင်းကို ပိုလင်းစေပါတယ်။ *

အကြေးခွံပုံစံအဖုံး

စဉ်းစားကြည့်ပါ– ပညာရှင်တွေ လေ့လာကြည့်တဲ့အခါ တချို့ပိုးစုန်းကြူးတွေရဲ့ သေးငယ်တဲ့အလင်းအိမ်အဖုံးဟာ အုတ်ကြွပ်ပြား ဒါမှမဟုတ် ကြွေပြားတွေ အထပ်ထပ်စီမိုးထားတဲ့ပုံစံနဲ့ တူတယ်။ တစ်ခုနဲ့တစ်ခု ထပ်ထားတဲ့ပမာဏက ၃ မိုက်ခရိုမီတာ၊ နောက်တစ်နည်းနဲ့ ပြောရရင် ဆံပင်အထူရဲ့ အပုံနှစ်ဆယ်ပုံ တစ်ပုံလောက်ပဲရှိတယ်။ အဲဒီလို အကြေးခွံပုံစံအဖုံးကြောင့် ညီညာတဲ့မျက်နှာပြင်ကထွက်တဲ့ အလင်းထက် ၅၀ ရာခိုင်နှုန်း ပိုလင်းပါတယ်။

အဲဒီအချက်ကိုကြည့်ပြီး အီလက်ထရွန်းနစ်ပစ္စည်းတွေမှာအသုံးများတဲ့ အယ်လ်အီးဒီ (light-emitting diodes) တွေရဲ့ စွမ်းဆောင် နိုင်ရည်ကို ပိုမြင့်အောင်လုပ်နိုင်ကြမလား။ အဖြေရနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ ပိုးစုန်းကြူး ရဲ့အလင်းအိမ် အကြေးခွံမျက်နှာပြင်နဲ့တူတဲ့ အယ်လ်အီးဒီတွေကို ထုတ်လုပ်ကြည့်ကြတယ်။ အဖြေကတော့ အယ်လ်အီးဒီတွေက ၅၅ ရာခိုင်နှုန်း အလင်းပိုပြီးထုတ်လွှတ်နိုင်ကြတယ်။ ရူပဗေဒပညာရှင် အာနစ် ဘေးက ဒီလိုပြောတယ်– “ဒီလုပ်ရပ်ကရလိုက်တဲ့ အရေးကြီးဆုံးသင်ခန်းစာကတော့ သဘာဝကနေ အများကြီးသင်ယူနိုင်တယ် ဆိုတာပါပဲ။”

သင်ဘယ်လိုထင်ပါသလဲ။ ပိုးစုန်းကြူးလေးတွေရဲ့ အလင်းအိမ်ဟာ သူ့အလိုလိုဖြစ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက ပုံစံပြု ဖန်ဆင်းတာလား။

^ အပိုဒ်၊ 3 ပိုးစုန်းကြူး အမျိုးအစားအားလုံးကိုတော့ သိပ္ပံပညာရှင်တွေ မလေ့လာရသေးပါဘူး။