မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပင်လယ်ဖျံရဲ့ အမွေး

ပင်လယ်ဖျံရဲ့ အမွေး

အေးစိမ့်​တဲ့​ရေ​မှာ​နေတဲ့ နို့တိုက်​ရေသတ္တဝါ အတော်များများ​ရဲ့ အရေပြား​အောက်မှာ ခပ်​ထူထူ အဆီ​လွှာ​တစ်ခု​ ရှိတယ်။ အဲဒီ​အလွှာ​ဟာ ခန္ဓာကိုယ်​ အပူဓာတ်​ကို ထိန်းပေး​တယ်။ ပင်လယ်ဖျံ​မှာ အပူဓာတ်​ ထိန်းပေး​တဲ့​အရာ နောက်​တစ်ခု​ ရှိတယ်။ အဲဒါက​တော့ ထူ​ထဲ​တဲ့ အမွေး​တွေပဲ။

သုံးသပ်ကြည့်ပါ– ပင်လယ်ဖျံ​တွေဟာ နို့တိုက်သတ္တဝါ​တွေ​ထဲမှာ အမွေး​အထူ​ဆုံး​ပဲ။ တစ်​စတုရန်း​လက်မ​မှာ အမွေး​တစ်သန်း​လောက် ရှိတယ်။ ဖျံ​တွေ ရေကူး​တဲ့အခါ အမွေး​တွေ​က ကိုယ်ခန္ဓာ​နဲ့​ အနီးဆုံး​မှာ ရှိတဲ့ လေထု​အလွှာ​ကို ဖမ်းယူ​ထားတယ်။ အဲဒီ​လေ​က အပူဓာတ် ထိန်းပေး​တယ်။ အေးစိမ့်​တဲ့​ရေ​တွေ အရေပြား​နဲ့ တိုက်ရိုက် မထိတွေ့​အောင်၊ ခန္ဓာကိုယ်​ အပူဓာတ် ဆုံးရှုံး​မသွား​အောင် ကာကွယ်​ပေးတယ်။

ပင်လယ်ဖျံ​ရဲ့ အမွေး​က​နေ သင်ယူစရာ​ ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယူဆတယ်။ အမွေး​အရှည်​နဲ့ အမွေး​အထူ​ အမျိုးမျိုး​ ရှိတဲ့ သားမွေး​ကုတ်အင်္ကျီ အတော်များများကို လေ့လာ​စမ်းသပ်​ကြ​တယ်။ “အမွေး​ထူ​လေ၊ ရှည်​လေ အရေပြား​ထဲ ရေ​မစိမ့်ဝင်​နိုင်​လေ​ပဲ” လို့ ကောက်ချက်ချ​ကြ​တယ်။ တစ်နည်း​ပြော​ရ​ရင် ပင်လယ်ဖျံ​တွေဟာ တကယ် လက်ရာမြောက်​တဲ့ သားမွေး​ကုတ်အင်္ကျီ​ကို ပိုင်ဆိုင်​ထားကြ​တယ်။

သုတေသီ​တွေဟာ သူတို့ရဲ့​ လေ့လာမှု​က​နေ ရေ​မစိမ့်ဝင်​နိုင်တဲ့ အထည်​ဆန်းဆန်း​လေး​တွေကို ဒီဇိုင်း​ထွင် ချုပ်လုပ်​နိုင်မယ်​လို့ မျှော်လင့်​ကြ​တယ်။ အေးစိမ့်​တဲ့​ရေ​မှာ ရေငုပ်သမား​တွေဟာ ပင်လယ်ဖျံ​ရဲ့ ထူထဲ​တဲ့​ သားမွေး​လိုမျိုး အမွေး​ထူ​တဲ့​ ဝတ်စုံ ဝတ်​ရင် ပို​ကောင်း​မယ်လို့ အတွေး​ဝင်​စေတယ်။

သင် ဘယ်လို​ ထင်​ပါသလဲ။ ပင်လယ်ဖျံ​ရဲ့ အပူဓာတ်​ ထိန်း​တဲ့ အမွေး​တွေဟာ သူ့အလိုလို ဖြစ်လာ​တာလား။ တစ်စုံ​တစ်ဦး​က ပြုလုပ်​ဖန်ဆင်း​ထားတာ​လား။