မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်” ဘုရားသခင်​ဟာ ကျွန်တော်​တို့ ဆုတောင်း​တာ​ကို နားထောင်ချင်​တယ်။—ဆာလံ ၆၅:၂

ဘုရားသခင့်​ကောင်းချီး​ ရဖို့ ဆက်​ဆုတောင်း​နေပါ

ဘုရားသခင့်​ကောင်းချီး​ ရဖို့ ဆက်​ဆုတောင်း​နေပါ

ဘုရား​က လူတွေကို ထူးခြားတဲ့​ လက်ဆောင်​တစ်ခု ပေး​ထား​တယ်။ အဲဒါ​က​တော့ ဆုတောင်းခြင်း​က​တစ်ဆင့် ဘုရား​နဲ့ ဆက်သွယ်​နိုင်​ပြီး ခံစားချက်​တွေ​ကို ပြောပြ​နိုင်​ခြင်း​ပါ​ပဲ။ “ဆုတောင်းသံ​ကို နားထောင်တဲ့​အရှင်၊ ကိုယ်တော့်​ဆီ​ကို လူအမျိုးမျိုး လာ​ကြ​ပါ​လိမ့်မယ်” လို့ ပရောဖက် ဒါဝိဒ် ဆုတောင်း​ခဲ့​တယ်။ (ဆာလံ ၆၅:၂) ဆုတောင်းချက်​တွေ​ကို ဘုရား နားထောင်ပြီး အဖြေပေး​ဖို့ ကျွန်တော်​တို့ ဘယ်လို ဆုတောင်း​ရမလဲ။

နှိမ့်ချမှု​ရှိ​ရှိ ရင်ဖွင့် ဆုတောင်း​ပါ

ဆုတောင်း​တဲ့​အခါ ကိုယ့်ရဲ့​ ခံစားချက်​အကြောင်း “ဘုရား​ကို ရင်ဖွင့်” ပြောပြ​လို့​ရတယ်။ (ဆာလံ ၆၂:၈) စိတ်နှလုံး​ထဲ​ကနေ လှိုက်လှိုက်လှဲလှဲ တောင်း​တဲ့ ဆုတောင်းချက်​တွေ​ကို အနန္တ​တန်ခိုးရှင် ဘုရားသခင် နှစ်သက်တယ်။

ဘုရား​ရဲ့​ နာမည်​ကို သုံးပြီး ဆုတောင်း​ပါ

အနန္တ​တန်ခိုးရှင်​မှာ ဂုဏ်ပုဒ်​တွေ အများကြီး​ ရှိပေမဲ့ နာမည်​က​တော့ တစ်ခု​ပဲ ရှိတယ်။ “ငါဟာ ယေဟောဝါ​ပဲ။ ဒါဟာ ငါ့​နာမည်​ပဲ။” (ဟေရှာယ ၄၂:၈) သမ္မာကျမ်းစာ​ထဲမှာ ယေဟောဝါ​ဆို​တဲ့​ နာမည် အကြိမ်ပေါင်း ၇,၀၀၀ ကျော်​ ပါ​တယ်။ ပရောဖက်​တွေ​ဟာ ဘုရား​ရဲ့​ နာမည်​ကို သုံးပြီး ဆုတောင်း​ခဲ့​ကြတယ်။ အာဗြဟံ​က “ယေဟောဝါ၊ . . . ကျွန်တော် ပြောပါ​ရစေ” လို့ ပြော​ခဲ့​တယ်။ (ကမ္ဘာဦး ၁၈:၃၀) ကျွန်တော်​တို့​လည်း ဆုတောင်း​တဲ့​အခါ ဘုရား​ရဲ့​ နာမည်​ကို သုံးပြီး ဆုတောင်း​သင့်တယ်။

ကိုယ့်​ဘာသာ​စကား​နဲ့ ဆုတောင်း​နိုင်

ဘယ်​ဘာသာ​စကား​နဲ့​ပဲ ပြောပါ​စေ ကျွန်တော်​တို့​ရဲ့​ အတွေး​နဲ့ ခံစားချက်​တွေ​ကို ဘုရားသခင် နားလည်တယ်။ “ဘုရားသခင် မျက်နှာမလိုက်” ဘူး။ “ဘယ်​လူမျိုး​ဖြစ်ဖြစ် ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေပြီး မှန်ရာ​လုပ်မယ်ဆိုရင် ဘုရား​ရဲ့​ နှစ်သက်​လက်ခံမှုကို ရတာပဲ” လို့ သမ္မာကျမ်းစာ​မှာ ပြော​ထား​တယ်။—တမန်​တော် ၁၀:၃၄၊ ၃၅

ဒါပေမဲ့ ဘုရား​ရဲ့​ ကောင်းချီး​ ရဖို့ ဆုတောင်း​တာ​ထက်မက လုပ်ဖို့​ လိုတယ်။ ဘာလုပ်ရမလဲ​ဆိုတာ နောက်​ဆောင်းပါး​မှာ ဖော်ပြ​ထား​တယ်။