မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာစရာ အကြောင်းအရာ

နက်နဲတဲ့ အကြောင်းအရာတွေ လေ့လာခြင်းအားဖြင့် နိုးကြားနေပါ

နက်နဲတဲ့ အကြောင်းအရာတွေ လေ့လာခြင်းအားဖြင့် နိုးကြားနေပါ

နက်နဲတဲ့ အကြောင်းအရာတွေ လေ့လာတာ ဘာကြောင့် အရေးကြီးကြောင်း သိရဖို့ ဒံယေလ ၉:၁-၁၉ ကို ဖတ်ပါ။

အထက်အောက် ကျမ်းပိုဒ်တွေ လေ့လာပါ။ အဲဒီမတိုင်ခင် ဘာတွေ ဖြစ်သလဲ။ ဒံယေလအပေါ် ဘာသက်ရောက်မှု ရှိသလဲ။ (ဒံ. ၅:၂၉–၆:၅) သင်သာ ဒံယေလနေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။

ထပ်ရှာဖွေပါ။ ဘယ် “ကျမ်းစောင်တွေ” ကို ဒံယေလ လေ့လာခဲ့တာ ဖြစ်မလဲ။ (ဒံ. ၉:၂က၁၁ ၁/၁ ၂၂ ပိုဒ်. ၂) ကိုယ်တိုင်နဲ့ အစ္စရေးလူမျိုးရဲ့ အပြစ်တွေအတွက် ဒံယေလ ဘာကြောင့် ဝန်ချတောင်းပန်သလဲ။ (ဝတ်. ၂၆:၃၉-၄၂။ ၁ ဘု. ၈:၄၆-၅၀dp ၁၈၂-၁၈၄) ဒံယေလဟာ ကျမ်းစာကို ဝီရိယရှိရှိ လေ့လာသူ ဖြစ်ကြောင်း ဒံယေလ ၉:၁၁-၁၃ မှာ ပါတဲ့ ဆုတောင်းချက်က ဘယ်လို ဖော်ပြသလဲ။

သင်ခန်းစာတွေ စဉ်းစားပါ။ ဒီလိုစဉ်းစားပါ–

  • ‘ကမ္ဘာ့ဖြစ်ရပ်တွေကြောင့် အာရုံလွဲသွားတဲ့ အဖြစ်မျိုး ဘယ်လို ရှောင်နိုင်မလဲ။’ (မိ. ၇:၇)

  • ‘ဒံယေလလို ကျမ်းစာကို ဝီရိယရှိရှိ လေ့လာရင် ဘာအကျိုးရမလဲ။’ (က၀၄ ၈/၁ ၈ ပိုဒ်. ၁၇)

  • ‘ကိုယ်ပိုင်လေ့လာမှုမှာ ဘယ်အကြောင်းအရာတွေ လေ့လာတာက “သတိနဲ့ စောင့်နေ” ဖို့ ကူညီပေးမလဲ။’ (မ. ၂၄:၄၂၊ ၄၄က၁၂ ၈/၁၅ ၅ ပိုဒ်. ၇-၈)