မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

John Moore/Getty Images

ဘုရားသခင့်နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ

ဘုရားသခင့်နိုင်ငံတော်က ကျန်းမာရေးစောင့်ရှောက်မှု ပြဿနာကို ဘယ်လိုဖြေရှင်းပေးမလဲ

 “ကိုဗစ်-၁၉ ဟာ ကမ္ဘာချီ ကပ်ရောဂါ မဟုတ်တော့ဘူးဆိုပေမဲ့ ကမ္ဘာချီ ကျန်းမာရေးပြဿနာ တစ်ခန်းရပ်သွားပြီဆိုတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ . . . အနာဂတ်မှာ ဒီလိုကပ်ရောဂါ တစ်မျိုးမဟုတ်တစ်မျိုး ကျိန်းသေ ပြန်ပေါ်လာမှာ။ ဒါကြောင့် ကျွန်တော်တို့တွေ အသင့်ဖြစ်နေရမယ်။”—ဒေါက်တာ တက်ဒရို့စ် အက်ဟာနွမ် ဂေဘရီယီဆက်စ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ မေ ၂၂၊ ၂၀၂၃။

 ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အခုအချိန်ထိ လူအတော်များများရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ထိခိုက်နေဆဲပဲ။ အစိုးရတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေက လက်ရှိကျန်းမာရေး ပြဿနာတွေကို အောင်အောင်မြင်မြင် ဖြေရှင်းပေးနိုင်မလား။ ထပ်ပေါ်လာမယ့် ကပ်ရောဂါအတွက်လည်း အဆင်သင့်ဖြစ်နေမလား။

 ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးမယ့် အစိုးရတစ်ခုအကြောင်း ကျမ်းစာ အခုလို ဆိုထားတယ်– “ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က . . . နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။” (ဒံယေလ ၂:၄၄) ဘုရားအုပ်ချုပ်မယ့် အစိုးရလက်အောက်မှာ “ပြည်သူပြည်သားတွေက “နေမကောင်းဘူး” လို့ မညည်းရတော့ဘူး။” (ဟေရှာယ ၃၃:၂၄) လူတိုင်း ကျန်းမာဖျတ်လတ်နေကြမယ်။—ယောဘ ၃၃:၂၅