မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်

အသက်ရှင်နေထိုင်ပုံအတွက် အကောင်းဆုံး ဉာဏ်ပညာရှိစကားတွေ သမ္မာကျမ်းစာမှာ ပါတယ်။ ကျမ်းစာကို မှန်မှန် ဖတ်ရှုပြီး တွေးတောဆင်ခြင်မယ်၊ သိလာတာကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် “ဘဝလမ်းခရီး အောင်မြင်” မယ်။ (ယောရှု ၁:၈။ ဆာလံ ၁:၁-၃) ဘုရားသခင်နဲ့ သားတော် ယေရှုအကြောင်း သိကျွမ်းလာပြီး ကယ်တင်ခြင်း ရနိုင်တယ်။—ယောဟန် ၁၇:၃

ကျမ်းစာစောင်တွေကို ဘယ်လို ဖတ်ရမလဲ။ သင် စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကျမ်းစာဖတ်ရှုခြင်း ဇယားက ကျမ်းစာစောင်တွေကို အစဉ်လိုက် ဖတ်ရှုသွားဖို့၊ ဒါမှမဟုတ် အကြောင်းအရာလိုက် ဖတ်ရှုသွားဖို့ ကူညီပေးပါတယ်။ ဥပမာ၊ ရှေးအစ္စရေးတွေနဲ့ ဘုရားသခင် ဆက်ဆံခဲ့ပုံအကြောင်း သိဖို့ အပိုင်းတချို့ကို ရွေးချယ်ဖတ်ရှုနိုင်တယ်။ ပထမရာစု ခရစ်ယာန် အသင်းတော် စတင်ပုံ၊ ထွန်းကားလာပုံကို သိချင်ရင် အပိုင်းတချို့ကို ရွေးချယ်ဖတ်နိုင်တယ်။ တစ်ရက်ကို အခန်းငယ်တချို့ ဖတ်သွားမယ်ဆိုရင် တစ်နှစ်အတွင်း ကျမ်းစာတစ်အုပ်လုံး အပြီး ဖတ်နိုင်တယ်။

နေ့စဉ် ကျမ်းစာ ဖတ်ချင်တယ်၊ တစ်နှစ်အတွင်း ကျမ်းစာ အပြီးဖတ်ချင်တယ်၊ ကျမ်းစာကို စဖတ်ချင်တယ်ဆိုရင် ဒီဇယားက အကူအညီ ဖြစ်ပါလိမ့်မယ်။ ဒီကျမ်းစာဖတ်ရှုခြင်း အစီအစဉ်ကို ကူးယူပါ။ ဒီနေ့ကနေ စဖတ်ပါ။