မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ခန်းစာ ၀၃

ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလား

ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ပါသလား

ကျမ်းစာထဲမှာ ကတိတွေ၊ အကြံပြုချက်တွေ အများကြီး ပါတယ်။ သင်ဟာ ကျမ်းစာမှာ ဘာတွေ သွန်သင်သလဲဆိုတာ သိချင်ပေမဲ့ ယုံဖို့ခက်နေနိုင်တယ်။ ခေတ်ဟောင်းနေတဲ့ စာအုပ်ထဲက ကတိတွေ၊ အကြံပြုချက်တွေကို ယုံကြည်စိတ်ချနိုင်ပါ့မလား။ လောလောဆယ်မှာကော အနာဂတ်မှာပါ ဘဝကို ပျော်မွေ့နိုင်မယ်ဆိုတဲ့ ကျမ်းစာအဆိုကို ယုံလို့ရပါ့မလား။ လူများစွာကတော့ ယုံကြတယ်။ ကိုယ်တိုင် လေ့လာဆန်းစစ်ကြည့်လိုက်ပါ။

၁။ ကျမ်းစာမှာ ပါတာတွေက ဖြစ်ရပ်မှန်တွေလား၊ စိတ်ကူးယဉ်တွေလား။

ကျမ်းစာမှာ “[တိကျမှန်ကန်တဲ့] အမှန်တရားစကားတွေ” ပါတယ်လို့ ဆိုထားတယ်။ (ဒေသနာ ၁၂:၁၀) တကယ်ရှိခဲ့တဲ့ လူတွေအကြောင်း ဖြစ်ရပ်မှန်တွေ ပါတယ်။ (လုကာ ၁:၃။ ၃:၁၊ ၂) ကျမ်းစာထဲက အရေးပါတဲ့ ရက်စွဲ၊ လူတွေ၊ နေရာဒေသတွေ၊ ဖြစ်ရပ်တွေရဲ့ မှန်ကန်မှုကို သမိုင်းပညာရှင်နဲ့ ရှေးဟောင်းသုတေသီများစွာ အတည်ပြုကြတယ်။

၂။ ကျမ်းစာဟာ ခေတ်နောက်ကျနေတဲ့ စာအုပ် မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

ကျမ်းစာဟာ ခေတ်ရှေ့ပြေးတဲ့ စာအုပ်ဆိုတာ နည်းအမျိုးမျိုးနဲ့ သက်သေထူခဲ့ပြီ။ ဥပမာ၊ သိပ္ပံနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြထားတယ်။ အဲဒီအကြောင်းတွေကို ရေးသားချိန်တုန်းကတောင် လူတွေ မယုံကြဘူး။ ဒါပေမဲ့ ခေတ်သစ် သိပ္ပံပညာက ကျမ်းစာရဲ့ တိကျမှန်ကန်မှုကို အတည်ပြုတယ်။ ကျမ်းစာကို “အခုရော၊ နောင်ရော အမြဲစိတ်ချနိုင်တယ်။”ဆာလံ ၁၁၁:၈

၃။ အနာဂတ်နဲ့ပတ်သက်တဲ့ ကျမ်းစာအဆိုကို ဘာကြောင့် စိတ်ချနိုင်သလဲ။

“မလုပ်ဆောင်ရသေးတဲ့အရာတွေ” အကြောင်း ကြိုဟောချက်တွေ ကျမ်းစာမှာ ပါတယ်။ (ဟေရှာယ ၄၆:၁၀) သမိုင်းဝင်ဖြစ်ရပ်တွေ မဖြစ်လာခင်ကတည်းက နှစ်ပေါင်းများစွာ အတိအကျ ကြိုဟောထားတယ်။ လက်ရှိ ကမ္ဘာ့အခြေအနေအကြောင်းကိုလည်း အသေးစိတ် ကြိုဟောထားတယ်။ ဒီသင်ခန်းစာမှာ ကျမ်းစာကြိုဟောချက်တချို့ကို ဆန်းစစ်ကြပါမယ်။ ဒီကြိုဟောချက်တွေရဲ့ တိကျမှန်ကန်မှုဟာ အံ့မခန်းပါပဲ။

ရှာဖွေလေ တွေ့ရှိလေ

ခေတ်သစ် သိပ္ပံပညာက ကျမ်းစာကို ဘယ်လို ထောက်ခံသလဲဆိုတာ ဆန်းစစ်ပါ။ ထူးခြားတဲ့ ကျမ်းစာကြိုဟောချက်တချို့ကို လေ့လာကြည့်ပါ။

၄။ သိပ္ပံပညာက ကျမ်းစာကို ထောက်ခံ

ကမ္ဘာမြေကို တစ်ခုခုအပေါ် မှာ တင်ထားတယ်လို့ ရှေးခေတ် လူအများစု ယူဆကြတယ်။ ဗီဒီယို ဖွင့်ပါ။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ ခန့်က ယောဘကျမ်းမှာ ဘာရေးထားသလဲ ဖတ်ကြည့်ရအောင်။ ယောဘ ၂၆:၇ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကမ္ဘာမြေကို “ဘာနဲ့မှ မချိတ်ဆွဲဘဲ” ဆိုင်းထားတယ်ဆိုတဲ့ ဖော်ပြချက်က ဘာကြောင့် အံ့သြစရာကောင်းသလဲ။

၁၈၀၀ ပြည့်လွန်နှစ်တွေကျမှ ရေသံသရာအကြောင်း လူတွေ ကောင်းကောင်း နားလည်လာကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ ဖတ်ကြည့်ရအောင်။ ယောဘ ၃၆:၂၇၊ ၂၈ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ရေသံသရာအကြောင်း ရိုးရိုးလေး ဖော်ပြထားပုံက ဘာကြောင့် မှတ်သားစရာ ကောင်းသလဲ။

  • အခုလေးတင် ဖတ်ခဲ့တဲ့ ကျမ်းချက်ကြောင့် ကျမ်းစာကို ပိုယုံကြည်စိတ်ချလာပါသလား။

၅။ အရေးကြီး ဖြစ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထား

ဟေရှာယ ၄၄:၂၇–၄၅:၂ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဗာဗုလုန်မြို့ မကျဆုံးခင် နှစ်ပေါင်း ၂၀၀ ကတည်းက ကျမ်းစာမှာ ဘယ်အသေးစိတ်အချက်တွေကို ကြိုဟောထားသလဲ။

ဘီစီ ၅၃၉ မှာ ပါးရှားဘုရင် ဆိုင်းရပ် ဦးဆောင်တဲ့ စစ်တပ်က ဗာဗုလုန်ကို သိမ်းပိုက်ခဲ့တဲ့အကြောင်း သမိုင်းက ထောက်ခံတယ်။ a သူတို့က မြို့ကို ကာကွယ်ပေးထားတဲ့ မြစ်ရေကို လွှဲလိုက်ကြတယ်။ ပွင့်နေတဲ့ မြို့တံခါးတွေကနေ ဝင်လာပြီး တိုက်ခိုက်စရာ မလိုဘဲ မြို့ကို သိမ်းပိုက်လိုက်တယ်။ နှစ်ပေါင်း ၂,၅၀၀ ကျော်ကြာပြီးနောက် အခုအချိန်မှာ ဗာဗုလုန်ဟာ မြို့ပျက်အဖြစ် ရှိနေတယ်။ ကျမ်းစာကြိုဟောချက်ကို ဖတ်ကြည့်ရအောင်။

ဟေရှာယ ၁၃:၁၉၊ ၂၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဗာဗုလုန်နဲ့ပတ်သက်တဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံခဲ့သလဲ။

အခုခေတ် အီရတ်နိုင်ငံမှာရှိတဲ့ ဗာဗုလုန်မြို့ပျက်

၆။ ယနေ့ခေတ် ဖြစ်ရပ်တွေအကြောင်း ကျမ်းစာ ကြိုဟောထား

ကျမ်းစာက ကျွန်တော်တို့ခေတ်ကို “နောက်ဆုံးကာလ” လို့ ခေါ်ထားတယ်။ (၂ တိမောသေ ၃:၁) နောက်ဆုံးကာလအကြောင်း ကျမ်းစာ ဘာပြောထားသလဲ ဖတ်ကြည့်ရအောင်။

မဿဲ ၂၄:၆၊ ၇ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • နောက်ဆုံးကာလအကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။

၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • နောက်ဆုံးကာလအတွင်း လူတွေရဲ့ သဘောထားအကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။

  • ဘယ်သဘောထားတွေကို သင် မြင်တွေ့နေရသလဲ။

လူတချို့ အဆို။ “ကျမ်းစာက ဒဏ္ဍာရီပုံပြင်စာအုပ်ပါ။”

  • ဘယ်အချက်ကြောင့် ကျမ်းစာကို ယုံကြည်စိတ်ချနိုင်တယ်လို့ သင်ယူဆသလဲ။

အနှစ်ချုပ်

သမိုင်း၊ သိပ္ပံပညာ၊ ကြိုဟောချက်တွေက ကျမ်းစာကို ယုံကြည်စိတ်ချနိုင်ကြောင်း ဖော်ပြတယ်။

ပြန်လည်သုံးသပ်ခြင်း

  • ကျမ်းစာမှာပါတာတွေက ဖြစ်ရပ်မှန်တွေလား၊ စိတ်ကူးယဉ်တွေလား။

  • ဘယ်ကဏ္ဍတွေမှာ သိပ္ပံပညာက ကျမ်းစာကို ထောက်ခံထားသလဲ။

  • ကျမ်းစာမှာ အနာဂတ်အကြောင်း ကြိုဟောထားတယ်လို့ ထင်ပါသလား။ ဘာကြောင့်လဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကျမ်းစာမှာ သိပ္ပံပညာနဲ့ မကိုက်ညီတာ ရှိသလား။

“သိပ္ပံပညာက ကျမ်းစာနဲ့ ကိုက်ညီသလား” (ဝက်ဘ်ဆိုက် ဆောင်းပါး)

“နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ အဖြစ်မှန်တွေက ဘာလဲ။

“ကျမ်းစာကြိုဟောချက် ၆ ခု” (ကင်းမျှော်စင် မေ ၁၊ ၂၀၁၁)

ဂရိအင်ပါယာအကြောင်း ကျမ်းစာကြိုဟောချက် ဘယ်လို ပြည့်စုံခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။

‘ပရောဖက်ပြုချက်တွေက’ ခွန်အားရှိစေ (၅:၂၂)

ကျမ်းစာကြိုဟောချက်တွေက လူတစ်ဦးရဲ့ ဘဝကို ပြောင်းလဲပေးခဲ့ပုံအကြောင်း လေ့လာကြည့်ပါ။

“ကျွန်တော့်အတွက်တော့ ဘုရားဆိုတာ မရှိဘူး” (ကင်းမျှော်စင် အမှတ် ၅၊ ၂၀၁၇)

a ဘီစီဆိုတာ “ခရစ်သက္ကရာဇ် မတိုင်မီ၊” အေဒီဆိုတာ “ခရစ်သက္ကရာဇ်” ကို ဆိုလိုတယ်။