မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

JW Library ကို စတင်အသုံးပြုခြင်း—iOS

JW Library ကို စတင်အသုံးပြုခြင်း—iOS

JW Library ကိုအသုံးပြုတဲ့အတွက် ကြိုဆိုပါတယ်။ ဒီ app ကိုသုံးပြီး သမ္မာကျမ်းစာကို ဖတ်ရှု၊ လေ့လာနိုင်ပါတယ်။ ဒီ app ရဲ့ အဓိက အသွင်အပြင်တွေကို မျက်နှာပြင်ရဲ့ အောက်ခြေ ဘားတန်းမှာ ဖော်ပြထားပါတယ်။ ခလုတ်နှိပ်ပြီး ကြည့်နိုင်ပါတယ်။

ကျမ်းစာ

ကျမ်းစာ ဆိုတဲ့နေရာမှာ ဘာသာစကားများစွာနဲ့ ပြန်ဆိုထားတဲ့ ကျမ်းစာတွေ တွေ့နိုင်ပါတယ်။ ကျမ်းစာ ဆိုတဲ့နေရာကိုနှိပ်၊ အခန်းကြီးတစ်ခုရွေးပြီး စဖတ်နိုင်တယ်။ ကျမ်းစာဖတ်နေတဲ့အခါ အောက်ခြေမှတ်ချက်တွေ၊ ပြန်လှန်ရည်ညွှန်းချက်တွေ၊ တခြားဘာသာပြန်ကျမ်းတွေနဲ့ နှိုင်းယှဉ်ဖော်ပြချက်တွေကို Study ဘေးအကွက်မှာ တွေ့နိုင်တယ်။

 တခြားကျမ်းချက်ကို ကြည့်ချင်တယ်ဆိုရင် ကျမ်းစာ ဆိုတဲ့နေရာကို နှိပ်ပြီး ကျမ်းစောင်စာရင်းတွေ ဖော်ပြထားတဲ့နေရာဆီ ပြန်သွားပါ။

စာပေများ

စာပေများ ဆိုတဲ့နေရာမှာ ဘာသာစကားများစွာနဲ့ ပြန်ဆိုထားတဲ့ စာစောင်တွေ၊ အော်ဒီယိုတွေနဲ့ ဗီဒီယိုတွေ တွေ့နိုင်ပါတယ်။ စာပေများ ဆိုတဲ့နေရာကို နှိပ်ပြီး ဆောင်ပါးတစ်ခုကို စဖတ်နိုင်ပါတယ်။ ဖတ်နေချိန်မှာ ညွှန်းထားတဲ့ကျမ်းချက်တွေကိုလည်း ဖတ်နိုင်ပါတယ်။ ညွှန်းထားတဲ့ကျမ်းချက်ကို နှိပ်ရင် အဲဒီကျမ်းချက်ကို Study ဘေးအကွက်မှာ တွေ့နိုင်တယ်။ Study ဘေးအကွက်မှာပေါ်နေတဲ့ လင့်ခ်ကို နှိပ်မယ်ဆိုရင် ကျမ်းစာထဲက အဲဒီအခန်းငယ်ဆီ ရောက်သွားပါတယ်။

 တခြားစာပေကိုဖွင့်ချင်ရင် စာပေများ ကိုနှိပ်ပြီး စာပေစာရင်း ဖော်ပြထားတဲ့နေရာကို ပြန်သွားပါ။

နေ့စဉ်ကျမ်းချက်

နေ့စဉ်ကျမ်းချက် ကိုနှိပ်ရင် ဒီနေ့အတွက်ကျမ်းချက်ကို တွေ့နိုင်တယ်။

 အစည်းအဝေးများ

အစည်းအဝေးများ အကွက်ကိုနှိပ်ပြီး လတ်တလော စည်းဝေးအတွက် စာပေတွေကို ဖတ်ရှုနိုင်ပါတယ်။

 အွန်လိုင်း

အွန်လိုင်း ဆိုတာကိုနှိပ်ရင် ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ဆီ ချိတ်ဆက်ပေးတယ်။

 နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ

JW Library ရဲ့နောက်ဆုံးထုတ် အသွင်အပြင်တွေကို ရဖို့ အမြဲတမ်း update လုပ်ပါ။

သင့်ရဲ့ ဖုန်း ဒါမှမဟုတ် တက်ဘလက်ကို iOS နောက်ဆုံးဗားရှင်း ဖြစ်အောင် လုပ်ပါ။ ထပ်ဆင့် အချက်အလက်တွေအတွက် ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်– https://support.apple.com/en-us/HT204204

ပိုအဆင်ပြေစေဖို့ သင့်ရဲ့ ဖုန်း ဒါမှမဟုတ် တက်ဘလက်မှာ အလိုအလျောက် update လုပ်ပေးတဲ့စနစ် ဖွင့်ထားနိုင်ပါတယ်။ ထပ်ဆင့် အချက်အလက်တွေအတွက် ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်– https://support.apple.com/en-us/HT202180