မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

JW LIBRARY

သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—Android

သုံးခဲ့ရာများ (History) ကို အသုံးပြုပါ—Android

သင် ဖတ်ရှုလေ့လာတဲ့ ဆောင်းပါးတွေ၊ ကျမ်းစာအခန်းကြီးတွေကို သုံးခဲ့ရာများ (History) အနေနဲ့ JW Library မှာ သိမ်းဆည်းထားပါတယ်။ ဒါက တကယ်အသုံးဝင်ပါတယ်။ ဥပမာ၊ မကြာသေးခင်က သင်ဖတ်ရှုလေ့လာခဲ့တဲ့ ကျမ်းချက်တွေကို ပြန်ကြည့်ဖို့ လွယ်ကူစေတယ်။

သုံးခဲ့ရာများ (History) ကို အသုံးပြုဖို့ အောက်ပါ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်ပါ–

 သုံးခဲ့ရာများ (History) ကိုသွားပါ

မကြာသေးခင်က သင်ဖတ်ရှုလေ့လာခဲ့တဲ့ ကျမ်းချက်တွေ၊ ဆောင်းပါးတွေရဲ့စာရင်းကို ကြည့်ချင်တယ်ဆိုရင် သုံးခဲ့ရာများ (History) ခလုတ်ကို နှိပ်ပါ။ သုံးခဲ့ရာများ (History) မှာတွေ့ရတဲ့ စာရင်းကိုကြည့်ပြီး ပြန်ဖတ်ရှုလေ့လာချင်တဲ့ ကျမ်းချက် ဒါမှမဟုတ် ဆောင်းပါးကို နှိပ်ပါ။

 သုံးခဲ့ရာများ (History) ကို ရှင်းလင်းပါ

သုံးခဲ့တဲ့စာရင်းကို ကြည့်ချင်ရင် သုံးခဲ့ရာများ (History) ခလုတ်ကို နှိပ်ပါ။ စာရင်းတွေကို ရှင်းပစ်ချင်တယ်ဆိုရင် ရှင်းလင်းပါ ခလုတ်ကို နှိပ်ပါ။

အဲဒီအသွင်အပြင်တွေပါတဲ့ JW Library 1.2 ကို ၂၀၁၄၊ မေလမှာ တင်ထားပြီးဖြစ်တယ်။ Android 2.3 နဲ့ အဲဒီနောက်ပိုင်း အသစ်ထုတ်တဲ့ ဖုန်း၊ တက်ဘလက်တွေမှာ အသုံးပြုနိုင်ပါတယ်။ အဲဒီအသွင်အပြင်တွေကို မရဘူးဆိုရင် “JW Library ကို စတင်အသုံးပြုခြင်း—Android” ဆောင်းပါးထဲက “နောက်ဆုံးထုတ် အသွင်အပြင်များ ရယူပါ” ခေါင်းစဉ်ငယ်အောက်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ပါ။