မာတိကာဆီ ကျော်သွား

သွေးသွင်းခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ

သွေးသွင်းခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘယ်လိုဖော်ပြထားသလဲ

သမ္မာကျမ်းစာဖြေဆိုရာ

 သမ္မာကျမ်းစာမှာ သွေးမစားဖို့ ပညတ်ပေးထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ပကတိသွေးနဲ့ သွေးရဲ့အဓိကအစိတ်အပိုင်းတွေကို စားတာပဲဖြစ်ဖြစ်၊ သွင်းတာပဲဖြစ်ဖြစ် လက်မခံကြပါဘူး။ အောက်ပါ ကျမ်းချက်တွေကို သုံးသပ်ကြည့်ပါ။

  •   ကမ္ဘာဦး ၉:၄ ဘုရားသခင်ဟာ ရေလွှမ်းမိုးပြီးတဲ့နောက်မှာ တိရစ္ဆာန်ရဲ့အသားကို အစားအစာအဖြစ်စားဖို့ နောဧနဲ့သူ့မိသားစုကို ခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင် နောဧကို ဒီလိုပြောတယ်- “အသက်တည်းဟူသောအသွေးနှင့်တကွ အသားကိုမစားရ။” အဲဒီအချိန်ကစပြီး ဒီပညတ်က လူသားအားလုံးနဲ့ သက်ဆိုင်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အားလုံးဟာ နောဧဆီက ဆင်းသက်လာတဲ့အတွက်ဖြစ်တယ်။

  •   ဝတ်ပြုရာ ၁၇:၁၄ “သင်တို့သည် တစ်စုံတစ်ခုသော ကိုယ်ခန္ဓာ၏အသွေးကို မစားရဟု အစ္စရေးအမျိုးသားတို့အား ငါအမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့် အသွေးကိုစားသောသူမည်သည်ကား ပယ်ရှားခြင်းကိုခံရမည်။” အသက်က သွေးဖြစ်တယ်၊ ကိုယ်တော်နဲ့ပဲ ဆိုင်တဲ့အရာဖြစ်တယ်လို့ ဘုရားသခင် ရှုမြင်တယ်။ ဒီပညတ်က အစ္စရေးလူမျိုးကိုပဲ ပေးခဲ့တဲ့ ပညတ်ဆိုပေမဲ့ သွေးစားတာကို တားမြစ်တဲ့ပညတ်နဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

  •   တမန်တော် ၁၅:၂၀ခမ။ “သွေးစားသုံးခြင်းကို ရှောင်ရှားကြ။” ဘုရားသခင်ဟာ ခရစ်ယာန်တွေကို နောဧကိုပေးခဲ့တဲ့ပညတ်ကိုပဲ ပြန်ပေးပါတယ်။ ကနဦးခရစ်ယာန်တွေဟာ သွေးစားဖို့၊ သွေးကို ဆေးအဖြစ်သုံးဖို့ ငြင်းဆိုခဲ့ကြတယ်ဆိုတဲ့ သမိုင်းအထောက်အထားတွေ ရှိပါတယ်။

သွေးကိုကြဉ်ရှောင်ဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို ဘာကြောင့်ပညတ်ပေးတာလဲ

 သွေးသွင်းခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တယ်ဆိုတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အထားတွေ ရှိပါတယ်။ ပိုအရေးကြီးတာက သွေးဟာ ဘုရားသခင်အတွက် သန့်ရှင်းမြင့်မြတ်တဲ့အရာကို ကိုယ်စားပြုလို့ ဖြစ်တယ်။ ဒါကြောင့် ကိုယ်တော်က သွေးကိုကြဉ်ရှောင်ဖို့ မိန့်မှာခြင်း ဖြစ်တယ်။–ဝတ်ပြုရာ ၁၇:၁၁; ကောလောသဲ ၁:၂၀