မာတိကာဆီ ကျော်သွား

ဘုရားသခင်က တန်ခိုးကြီးစွမ်းအားတစ်ခုလား။

ဘုရားသခင်က တန်ခိုးကြီးစွမ်းအားတစ်ခုလား။

သမ္မာကျမ်းစာဖြေဆိုရာ

 ဘုရားသခင်က တုနှိုင်းမရတဲ့စွမ်းအားကို စကြဝဠာတစ်ခွင်မှာ အသုံးပြုတယ်။ မရေမတွက်နိုင်အောင် များပြားလှတဲ့ ကြယ်တွေကိုဖန်ဆင်းထားပုံနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာက ခုလိုဆိုတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။”—ဟေရှာယ ၄၀:၂၅၊ ၂၆

 ဘုရားသခင်က တန်ခိုးကြီးတဲ့စွမ်းအားတစ်ခုပဲလား။ မဟုတ်ပါဘူး၊ ကိုယ်တော့်မှာ ချစ်တာ၊ မုန်းတာ စတဲ့ ခံစားချက်တွေရှိတယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ (ဆာလံ ၁၁:၅၊ ယောဟန် ၃:၁၆) လူတွေရဲ့ လုပ်ရပ်ကြောင့် ဘုရားသခင်စိတ်ထိခိုက်နိုင်တယ်လို့လည်း ဖော်ပြထားတယ်။—ဆာလံ ၇၈:၄၀၊ ၄၁