မာတိကာဆီ ကျော်သွား

ဒိုင်နိုဆောအကြောင်း ကျမ်းစာ ဘာပြောသလဲ

ဒိုင်နိုဆောအကြောင်း ကျမ်းစာ ဘာပြောသလဲ

ကျမ်းစာအဖြေ

 ကျမ်းစာမှာ ဒိုင်နိုဆောအကြောင်း တိုက်ရိုက် ဖော်ပြမထားဘူး။ ဒါပေမဲ့ ဘုရားသခင်က “အရာခပ်သိမ်းကို ဖန်ဆင်းခဲ့” တယ်လို့ ဖော်ပြထားတဲ့အတွက် ဒိုင်နိုဆောတွေကိုလည်း ဖန်ဆင်းခဲ့တာ သေချာတယ်။ a (ဗျာဒိတ် ၄:၁၁) ဒိုင်နိုဆော ဆိုပြီး သတ်သတ်မှတ်မှတ် ဖော်ပြမထားပေမဲ့ အောက်ပါအုပ်စုလိုက် ဖော်ပြထားတဲ့ သတ္တဝါတွေထဲမှာ ပါနိုင်တယ်–

ဒိုင်နိုဆောတွေဟာ တခြားတိရစ္ဆာန်တွေကနေ ဆင့်ကဲပြောင်းလဲလာတာလား

 ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းအရ ဒိုင်နိုဆောတွေဟာ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာတာမျိုး မဟုတ်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာကြပုံ ရတယ်။ ဒါက တိရစ္ဆာန်အားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ ကျမ်းစာအဆိုနဲ့ ကိုက်ညီတယ်။ ဥပမာ၊ ဆာလံ ၁၄၆:၆ က ဘုရားသခင်ကို “မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ပင်လယ်နဲ့ ပင်လယ်ထဲမှာ ရှိသမျှကို ဖန်ဆင်းတဲ့အရှင်” လို့ ဖော်ပြထားတယ်။

 ဒိုင်နိုဆောတွေ ဘယ်အချိန်တုန်းက ရှင်သန်ခဲ့ကြသလဲ

 ရေနေသတ္တဝါ၊ ကုန်းနေသတ္တဝါ ရှိသမျှကို ဖန်ဆင်းရာကာလ ပဉ္စမနေ့နဲ့ ဆဋ္ဌမနေ့မှာ ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာက ဆိုတယ်။ b (ကမ္ဘာဦး ၁:၂၀-၂၅၊ ၃၁) ဒါကြောင့် ဒိုင်နိုဆောတွေဟာ ရှည်ကြာတဲ့အချိန်ကာလအတွင်း ရှင်သန်ခဲ့ကြကြောင်း ကျမ်းစာက ထောက်ခံတယ်။

ဗေဟမုတ်နဲ့ လဝိသန်ဆိုတာ ဒိုင်နိုဆောတွေလား

 မဟုတ်ပါဘူး။ ဘယ်တိရစ္ဆာန်တွေလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမဲ့ ဗေဟမုတ်က ရေမြင်း၊ လဝိသန်က မိကျောင်း ဖြစ်နိုင်တယ်။ ယောဘကျမ်း ဖော်ပြချက်တွေက ရေမြင်း၊ မိကျောင်းတို့နဲ့ ကိုက်ညီနေလို့ပါပဲ။ (ယောဘ ၄၀:၁၅-၂၃။ ၄၁:၁၊ ၁၄-၁၇၊ ၃၁) “ဗေဟမုတ်” နဲ့ “လဝိသန်” ဟာ ဒိုင်နိုဆော လုံးဝ မဖြစ်နိုင်ဘူး။ အဲဒီတိရစ္ဆာန်တွေကို ကိုယ်တိုင် ကြည့်ဖို့ ယောဘကို ဘုရားသခင် မိန့်ဆိုခဲ့လို့ပဲ။ ယောဘခေတ်မှာ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားတာ အတော်ကြာပြီ။—ယောဘ ၄၀:၁၆။ ၄၁:၈

ဒိုင်နိုဆောတွေ ဘာဖြစ်သွားသလဲ

 ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားတာနဲ့ပတ်သက်ပြီး ကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒါပေမဲ့ ဘုရားသခင်က အရာခပ်သိမ်းကို “အလိုတော်ကြောင့် ဖန်ဆင်း” တယ်လို့ ဖော်ပြထားတဲ့အတွက် ဒိုင်နိုဆောတွေကို ဖန်ဆင်းရတဲ့ ရည်ရွယ်ချက် ရှိတာ သေချာပါတယ်။ (ဗျာဒိတ် ၄:၁၁) အဲဒီရည်ရွယ်ချက် ပြည့်စုံသွားလို့ ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်သွားဖို့ ဘုရား ခွင့်ပြုခဲ့တယ်။

a ကျောက်ဖြစ်ရုပ်ကြွင်း မှတ်တမ်းတွေက ဒိုင်နိုဆောတွေ ရှိခဲ့ကြောင်း၊ အရွယ်အစား၊ ပုံသဏ္ဌာန် အမျိုးမျိုးရှိကြောင်း သက်သေထူတယ်။

b ကျမ်းစာမှာ “နေ့” လို့ ဖော်ပြတဲ့အခါ နှစ်ထောင်ချီကြာတဲ့ အချိန်ကာလကိုလည်း ရည်ညွှန်းနိုင်တယ်။—ကမ္ဘာဦး ၁:၃၁။ ၂:၁-၄။ ဟီဘရူး ၄:၄၊ ၁၁