မာတိကာဆီ ကျော်သွား

ညီအစ်ကို မက်ဆင် ဇင်ချန်ကိုနဲ့ ဇနီး ကရီးနာ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက် | ပြင်ဆင်သည့်နေ့– ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၈ ရက်
ကမ္ဘာတစ်ဝန်းက သတင်းများ

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိဘူး”

နောက်ဆုံးအချက်အလက်—အပြစ်ရှိကြောင်း စီရင်ခံရ | “ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်တာ မရှိဘူး”

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက်မှာ ဆာဗားစတိုပိုမြို့၊ နဟီမိုစကီ ခရိုင်တရားရုံးက ညီအစ်ကို မက်ဆင် ဇင်ချန်ကိုကို အပြစ်ရှိကြောင်း စီရင်ပြီး အလုပ်ကြမ်းနှစ်နှစ် ချမှတ်လိုက်တယ်။ ထောင်ထဲမှာနေရမှာဖြစ်ပြီး တာဝန်ကျရာနေရာမှာ လူမှုအကျိုးပြုအလုပ်တွေ လုပ်ရပါမယ်။

ကိုယ်ရေးအကျဉ်း

ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည် တင်ပြနေတဲ့ မက်ဆင်နဲ့တကွ အလိုတော် ဆောင်ရွက်သူတိုင်းကို ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဟီဘရူး ၁၀:၃၅၊ ၃၆

အချိန်ပြဇယား

  1. မေ ၁၇၊ ၂၀၂၃

    အစွန်းရောက်အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်မှုနဲ့ တရားစွဲခံရတယ်။

  2. မေ ၂၂၊ ၂၀၂၃

    နေအိမ်ကို ဝင်ရောက်ရှာဖွေတယ်။ မက်ဆင်နဲ့ ကရီးနာကို စစ်ဆေးမေးမြန်းတယ်။ မက်ဆင်ကို အချုပ်ချတယ်။

  3. မေ ၂၄၊ ၂၀၂၃

    မက်ဆင်ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ချတယ်

  4. ဇူလိုင် ၁၂၊ ၂၀၂၃

    ပြစ်မှု စတင်ကြားနာစစ်ဆေးတယ်