မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေမှာ လခစား ဓမ္မဆရာတွေ ရှိပါသလား

ယေဟောဝါသက်သေတွေမှာ လခစား ဓမ္မဆရာတွေ ရှိပါသလား

 ပထမရာစုက ခရစ်ယာန်တွေရဲ့ စံနမူနာအတိုင်း ယေဟောဝါသက်သေတွေမှာ ဓမ္မဆရာ အတန်းအစားနဲ့ သာမန် အသင်းသားဆိုပြီး အဆင့်အတန်း ခွဲခြားတာမျိုး မရှိပါဘူး။ နှစ်ခြင်းခံပြီးတဲ့သူတိုင်းက ခန့်အပ်ခံ အမှုဆောင်တွေ ဖြစ်ကြပြီး ဟောပြောခြင်းနဲ့ သွန်သင်ခြင်း လုပ်ငန်းမှာ အတူတကွ ပါဝင်နေကြပါတယ်။ ယုံကြည်သူ ဦးရေ ၁၀၀ လောက် ရှိရင် အသင်းတော်တစ်ခုအဖြစ် ဖွဲ့စည်းပါတယ်။ အသင်းတော်တိုင်းမှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားပြီး ရင့်ကျက်တဲ့ အမျိုးသားတွေက “အကြီးအကဲတွေ” အဖြစ် အမှုဆောင်ကြတယ်။ (တိတု ၁:၅) သူတို့ဟာ အခကြေးငွေ မယူဘဲ လုပ်ဆောင်ကြပါတယ်။