မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေဆီမှာ တရားဟောဆရာမတွေ ရှိသလား

ယေဟောဝါသက်သေတွေဆီမှာ တရားဟောဆရာမတွေ ရှိသလား

 ရှိပါတယ်။ ယေဟောဝါသက်သေအားလုံးဟာ တရားဟောတဲ့သူတွေဖြစ်ပါတယ်။ အဲဒီထဲမှာ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေလည်းပါတယ်။ “သတင်းကောင်းကို ကြားပြောသော မိန်းမတို့သည် အလွန်များကြပါ၏” လို့ ကျမ်းစာမှာ ကြိုဟောထားပါတယ်။​—ဆာလံ ၆၈:၁၁သမ္မာ။

 ယေဟောဝါသက်သေ အမျိုးသမီးတွေဟာ ကျမ်းစာမှာဖော်ပြထားတဲ့ အမျိုးသမီးတွေရဲ့ စံနမူနာကို တုပကြတယ်။ (သုတ္တံ ၃၁:၁၀–၃၁) အသင်းတော်မှာတော့ အမျိုးသမီးတွေဟာ ဦးဆောင်ခွင့် မရဘူး။ ဒါပေမဲ့ အသင်းတော်ပြင်ပ ဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်ကြတယ်။ သားသမီးတွေကိုလည်း ကျမ်းစာမူတွေ သင်ပေးပါတယ်။ (သုတ္တံ ၁:၈) သက်သေခံအမျိုးသမီးတွေဟာ အပြောနဲ့ရော၊ အလုပ်နဲ့ပါ စံနမူနာကောင်းပြဖို့ ကြိုးစားကြတယ်။​—တိတု ၂:၃–၅